ကော်မတီများ
ပထမအကြိမ်ညီလာခံတွင် ဖွဲ့စည်းခဲ့သောကော်မတီများ
PEN MYANMAR ညီလာခံကို နိုဝင်ဘာ ၂၇ ရက်က ရန်ကုန်မြို့ရှိ အာရှပလာဇာဟိုတယ်၊ ပထမထပ်၌ အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ဒါရိုက်တာအဖွဲ့ဝင် ၉ ဦးကို ရွေးချယ်နိုင်ခဲ့သည်။ ထို့နောက် PEN MYANMAR ၏ လုပ်ငန်းကော်မတီ ၅ ခုကို ဖွဲ့စည်းခဲ့ပြီး ကော်မတီအသီးသီး၏ အစည်းအဝေးများကို ကျင်းပနိုင်ခဲ့သည်။
PEN MYANMAR အတွက် ဖွဲ့စည်းသည့် ကော်မတီ ၅ ရပ်မှာ
- ၁။ ဘာသာပြန်နှင့် ဘာသာစကားဆိုင်ရာအခွင့်အရေးကော်မတီ (ယင်းကော်မတီတွင် ဇေယျာလင်း ဦးဆောင်သော ကော်မတီဝင် ၁၃ ဦးပါဝင်သည်။)
- ၂။ အမျိုးသမီးစာရေးဆရာများကော်မတီ (ယင်းကော်မတီတွင် ပန်ဒိုရာ၊ မြေမှုန်လွင် ဦးဆောင်သော ကော်မတီဝင် ၁၄ ဦးပါဝင်သည်။)
- ၃။ ငြိမ်းချမ်းရေးအတွက် စာရေးဆရာများကော်မတီ (ယင်းကော်မတီတွင် ရဲသျှမ်း၊ ညိုထွန်းလူ၊ ဦးခင်မောင်ဦး ဦးဆောင်သော ကော်မတီဝင် ၁၈ ဦးပါဝင်သည်။)
- ၄။ ထောင်တွင်းစာရေးဆရာများကော်မတီ (ယင်းကော်မတီတွင် မျိုးမြင့်ညိမ်း၊ နေဘုန်းလတ် ဦးဆောင်သော ကော်မတီဝင် ၁၂ ဦးပါဝင်သည်။)
- ၅။ PEN MYANMAR လုပ်ငန်းကော်မတီ(ယင်းကော်မတီတွင် မသီတာ(စမ်းချောင်း) ဦးဆောင်သော ကော်မတီဝင် ၃၂ ဦးပါဝင်သည်။) တို့ ဖြစ်သည်။
၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၂ဝရက်နေ့ ဘားအံမြို့ သီရိဘားအံဟိုတယ်တွင် ကျင်းပသော မဟာဗျူဟာရေးဆွဲရေးအစည်းအဝေးတွင် ဖွဲ့စည်းခဲ့သော ကော်မတီများ
ပဲန်မြန်မာ၏ စတုတ္ထအကြိမ်မြောက်နှစ်ပတ်လည်အထွေထွေညီလာခံကို ၂၀၁ရခုနှစ် ဒီဇင်ဘာလ ၁ရရက်နေ့တွင် တော်ဝင်ဂါးဒင်းဟိုတယ်၌ ကျင်းပခဲ့သည်။ ပဲန်မြန်မာ၏ ဒါရိုက်တာအဖွဲ့ဝင်များနှင့် အမာခံအဖွဲ့ဝင်များပါဝင်သော မဟာဗျူဟာရေးဆွဲရေးအစည်းအဝေးကို ဘားအံမြို့ သီရိဘားအံဟိုတယ်တွင် ၂၀၁ရခုနှစ် ဒီဇင်ဘာလ ၂ဝရက်နေ့၌ ကျင်းပခဲ့ပြီး ယခင်ကဖွဲ့စည်းထားသော ကော်မတီ ၅ခုနေရာတွင် ကော်မတီအသစ် ၄ခုဖြင့် အစားထိုးဖွဲ့စည်းခဲ့သည်။
အစားထိုးဖွဲ့စည်းခဲ့သော ကော်မတီအသစ် ၄ခုမှာ
- ၁။ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကော်မတီ
- ၂။ စာပေယဉ်ကျေးမှုဆိုင်ရာ ကော်မတီ
- ၃။ စာပေနှင့်ပညာရေးဆိုင်ရာ ကော်မတီ
- ၄။ လုပ်ငန်းဖော်ဆောင်ရေး ကော်မတီ
- (က) စည်းရုံးရေးနှင့် လူထုအားထိတွေ့ရေး အဖွဲ့ငယ်
- (ခ) လေ့ကျင့်ရေး၊ ပညာရေးနှင့် သုတေသန အဖွဲ့ငယ်
- (ဂ) ဥပဒေပြင်ဆင်ရေးနှင့် လူ့ရပိုင်ခွင့်ဆိုင်ရာ အဖွဲ့ငယ်
- (ဃ) ဆက်ဆံဆက်သွယ်ရေး အဖွဲ့ငယ် တို့ဖြစ်သည်။
ပဥ္စမအကြိမ်ညီလာခံတွင် ဖွဲ့စည်းခဲ့သော ကော်မတီများ
PEN Myanmar ၏ ပဥ္စမအကြိမ်နှစ်ပတ်လည်အထွေထွေညီလာခံကို ၂၀၁၈ခုနှစ် ဒီဇင်ဘာလ ၂၂ရက်နေ့ (စနေနေ့)တွင် ရန်ကုန်မြို့ တော်ဝင်ဂါးဒင်းဟိုတယ်၌ ကျင်းပခဲ့သည်။ ယမန်နှစ်က ဖွဲ့စည်းထားသော ကော်မတီများကို အနည်းငယ် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ကော်မတီများတွင် ပါဝင်ဆောင်ရွက်လိုသော အသင်းဝင်များကို ဖိတ်ခေါ်ခဲ့သည်။
ပြင်ဆင်ဖွဲ့စည်းထားသော ကော်မတီများမှာ
- ၁။ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကော်မတီ
- (က) အကျဉ်းကျစာရေးဆရာများဆိုင်ရာ ဆပ်ကော်မတီ (ယင်းကော်မတီတွင် သီဟသွေး၊ မောင်ဆောင်းခ၊ တည်မှီ ဦးဆောင်သော ကော်မတီဝင် ၁ဝဦး ပါဝင်သည်။)
- (ခ) ငြိမ်းချမ်းရေးစာရေးဆရာများဆိုင်ရာ ဆပ်ကော်မတီ (ယင်းကော်မတီတွင် ရွှေနောင်ရိုး(မန္တလေး)၊ အောင်ဖြိုးကျော် (ပခုက္ကူ)၊ ကိုအင်းဝ ဦးဆောင်သော ကော်မတီဝင် ၁၄ဦး ပါဝင်သည်။)
- ၂။ စာပေယဉ်ကျေးမှုဆိုင်ရာ ကော်မတီ
- (က) ဘာသာပြန်နှင့် ဘာသာစကားရပိုင်ခွင့်ဆိုင်ရာ ဆပ်ကော်မတီ (ဒေါက်တာဇော်ထွန်း၊ ခွန်ရှားလှိုင်၊ ဒီလူကလေး ဦးဆောင်သော ကော်မတီဝင် ရဦး ပါဝင်သည်။)
- (ခ) စာပေဆိုင်ရာ ဆပ်ကော်မတီ (စောဝေ၊ ခင်သန္တာ၊ သူရဿဝါ ဦးဆောင်သော ကော်မတီဝင် ၁ဝဦး ပါဝင်သည်။)
- ၃။ စာပေနှင့်ပညာရေးဆိုင်ရာ ကော်မတီ (မမသီရိ၊ မသိမ့်၊ ဝန်းရံခ ဦးဆောင်သော ကော်မတီဝင် ၂၅ဦး ပါဝင်သည်။)
- ၄။ အမျိုးသမီးစာရေးဆရာများဆိုင်ရာ ကော်မတီ (နှင်းသီရိကျက်သရေ၊ သက်ဝေနှင်း (အောင်လံ)၊ နန်းကြာဖြူ (ဘားအံ) ဦးဆောင်သော ကော်မတီဝင် ၁ဝဦး ပါဝင်သည်။) တို့ဖြစ်သည်။