သတင်းထုတ်ပြန်ချက် (၁/၂၀၁၃)

၃ ရက် အောက်တိုဘာလ ၂၀၁၃ ခုနှစ်
ရန်ကုန်မြို့၊ မြန်မာနိုင်ငံ ။

၁။ စာပေရေးသားသူများပါဝင်သည့် PEN Myanmar ဖွဲ့စည်းနိုင်ရေးအတွက် မြန်မာစာရေးဆရာများတွေ့ဆုံပွဲကို အောက်တိုဘာ ၃ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ HOME တွင် ပြုလုပ်ခဲ့သည်။

၂။ ရသစာပေဖွံ့ဖြိုးရေးအတွက် အဓိကရည်ရွယ်ထားသည့် PEN Myanmar သည် ကမ္ဘာတစ်ဝန်းရှိ စာပေပညာရှင်များ ပါဝင်သည့် PEN International ၏ အသိအမှတ်ပြုမှုကို ပြီးခဲ့သည့် စက်တင်ဘာလက ရရှိခဲ့ပြီး မကြာမီ ဖွဲ့စည်းပေါ်ပေါက်နိုင်ရန် ရည်ရွယ်၍ မြန်မာစာရေးဆရာများ တွေ့ဆုံကြခြင်းဖြစ် သည်။

၃။ တွေ့ဆုံပွဲ၌ PEN International နှင့်ပတ်သက်၍ စာရေးဆရာ နေဘုန်းလတ်က ရှင်းလင်းပြောကြားခဲ့ပြီး ဏနြ ပြညောမေ ပေါ်ပေါက်ရန် ကြိုးပမ်းမှုနှင့် ပတ်သက်၍ ဆရာမ မသီတာ(စမ်းချောင်း)က ရှင်းလင်းခဲ့ကာ ဆရာမျိုးမြင့်ညိမ်းက ဖြည့်စွက်ပြောကြားခဲ့သည်။

၄။ PEN Myanmar သည် PEN International ၏ အသိအမှတ်ပြုမှုကို ရရှိခဲ့ပြီးဖြစ်သော်လည်း မြန်မာစာရေးဆရာများ အားလုံးပါဝင်သည့်အဖွဲ့အစည်း အဖြစ် ယခုမှ စတင်ဖွဲ့စည်းမည်ဖြစ်သည်။

၅။ PEN Myanmar သည် ရသစာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကထားပြီး ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုလတ်၊ ဝတ္ထုရှည်၊ အက်ဆေး၊ ဆောင်းပါး၊ ပြဇာတ်၊ အတ္ထုပ္ပတ္တိ၊ ဘာသာပြန်(ဘာသာပြန်စာပေရေးသားသူဖြစ်ပါက ကိုယ်တိုင်ရေးစာပေလက်ရာ အနည်းဆုံးတစ်မျိုးမျိုးကို ကျယ်ကျယ်ပြန့်ပြန့် ရေးသားသူဖြစ်ရမည်)စသည့် စာပေရေးသားသူ မည်သည့်စာရေးဆရာမဆို ပါဝင်နိုင်ပြီး အဆိုပါစာပေလက်ရာများအား တည်းဖြတ်သော စာတည်းများနှင့် ထုတ်ဝေသူများလည်း အကျုံးဝင်သည်။

၆။ PEN Myanmar ၏ ညီလာခံကို လာမည့်နိုဝင်ဘာလတွင် ပြုလုပ်မည်ဖြစ်သည်။ ညီလာခံတွင် ဒါရိုက်တာဘုတ်အဖွဲ့ဝင်များကို ရွေးကောက်တင် မြှောက်ခြင်း၊ ဏနြ ှုညအနမညအေငသညေူ သို့ ပေးပို့ထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လိုပါက ပြင်ဆင်ခြင်း၊ ၂၀၁၃-၂၀၁၄ ခုနှစ်အတွင်း လုပ်ဆောင် မည့်လှုပ်ရှားမှုများအား ဆွေးနွေးဆုံးဖြတ်ခြင်းတို့ကို ပြုလုပ်မည်ဖြစ်သည်။

၇။ သို့ဖြစ်ပါ၍ PEN Myanmar အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်လိုသည့် စာပေရေးသားသူများအနေဖြင့် ညီလာခံမတိုင်မီ ပြုလုပ်မည့် အကြိုဆွေးနွေးပွဲ များသို့ တက်ရောက်နိုင်ပါသည်။ အဖွဲ့ဝင်အဖြစ် အဆိုပြုလွှာများကို ညီလာခံမတိုင်မီ အီးမေးလ် penchartermyanmar@gmail.com ၊ ဖုန်းနံပါတ် ဝ၁-၉၀၁၀၅၀၁ သို့ ဆက်သွယ်ရယူနိုင်ပါသည်။ အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုခြင်းကို ညီလာခံအပြီးတွင် ရွေးကောက်တင်မြှောက်ခံရသည့် ဒါရိုက်တာဘုတ် အဖွဲ့က ဆုံးဖြတ်မည်ဖြစ်ပါသည်။

၈။ ညီလာခံပေါ်ပေါက်ရေးနှင့် ညီလာခံမတိုင်မီ PEN Myanmar ဖွဲ့စည်းရေးအတွက် ရုံးလုပ်ငန်းဆိုင်ရာကိစ္စအဝ၀ကို PEN International သို့ လက်မှတ် ရေးထိုးတင်ပြခဲ့သည့် စာရေးဆရာများ ပါဝင်သော PEN Myanmar ဖြစ်မြောက်ရေးဆောင်ရွက်သူ စာရေးဆရာများက ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပြီး အခြားစာရေးဆရာများ၏ ဆန္ဒအလျောက် ပူးပေါင်းပါဝင်မှုကိုလည်း ကြိုဆိုပါသည်။

၉။ အောက်တိုဘာ ၁၇ ရက် မွန်းလွဲ ၁ နာရီတွင် မြန်မာစာရေးဆရာများ ထပ်မံတွေ့ဆုံမည်ဖြစ်ပါသည်။

PEN Myanmar ဖွဲ့စည်းရေးဆောင်ရွက်သူ စာရေးဆရာ၊ ဆရာမများ