သတင်းထုတ်ပြန်ချက် (၅/၂၀၁၃)

၂၈ ရက် နိုဝင်ဘာလ ၂၀၁၃ ခုနှစ်
ရန်ကုန်မြို့၊ မြန်မာနိုင်ငံ ။
PEN MYANMAR ဒါရိုက်တာအဖွဲ့ ရွေးချယ်ပြီးစီးခြင်းနှင့် လုပ်ငန်းကော်မတီများဖွဲ့စည်းပြီးစီးခြင်း
၁။ PEN MYANMAR ညီလာခံကို နိုဝင်ဘာ ၂၇ ရက်က ရန်ကုန်မြို့ရှိ အာရှပလာဇာဟိုတယ်၊ ပထမထပ်၌ အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ဒါရိုက်တာအဖွဲ့ဝင် ၉ ဦးကို ရွေးချယ်နိုင်ခဲ့သည်။ ထို့နောက် PEN MYANMAR ၏ လုပ်ငန်းကော်မတီ ၅ ခုကို ဖွဲ့စည်းခဲ့ပြီး ကော်မတီအသီးသီး၏ အစည်းအဝေးများကို ကျင်းပနိုင်ခဲ့သည်။
၂။ ရွေးကောက်တင်မြှောက်ခံရသည့် ဒါရိုက်တာအဖွဲ့ဝင်များ –
- ကဗျာ
- ၁။ ဇေယျာလင်း ၂။ ပန်ဒိုရာ
- စာရေးဆရာ
- ၃။ ညိုထွန်းလူ ၄။ ရဲသျှမ်း
- အယ်ဒီတာ
- ၅။ မျိုးမြင့်ညိမ်း ၆။ မသီတာ(စမ်းချောင်း)
- အီလက်ထရောနစ်မီဒီယာ
- ၇။ နေဘုန်းလတ်
- ထုတ်ဝေသူ
- ၈။ ဦးခင်မောင်ဦး(ပိတောက်ရနံ့) ၉။ ဦးစန်းမွန်အောင်(ငါတို့စာပေ)
၃။ ရွေးကောက်တင်မြှောက်ခံရသည့် ဒါရိုက်တာအဖွဲ့ဝင်များမှ လုပ်ငန်းတာဝန်များကို ဆက်လက်ခွဲဝေခဲ့ကြပါသည်။ ယင်းတာဝန်ခွဲဝေမှုများမှာ
- ဥက္ကဋ္ဌ
- မသီတာ(စမ်းချောင်း)
- အတွင်းရေးမှူး
- နေဘုန်းလတ်
- ဘဏ္ဍာရေးမှူး
- ဦးစန်းမွန်အောင်(ငါတို့စာပေ)
- ဒါရိုက်တာအဖွဲ့ဝင်
- ဇေယျာလင်း၊ ပန်ဒိုရာ၊ ညိုထွန်းလူ၊ ရဲသျှမ်း၊ မျိုးမြင့်ညိမ်း၊ ဦးခင်မောင်ဦး(ပိတောက်ရနံ့စာပေ)တို့ဖြစ်သည်။
၄။ PEN MYANMAR အတွက် ဖွဲ့စည်းသည့် ကော်မတီ ၅ ရပ်မှာ
- ၁။ ဘာသာပြန်နှင့် ဘာသာစကားဆိုင်ရာအခွင့်အရေးကော်မတီ (ယင်းကော်မတီတွင် ဇေယျာလင်း ဦးဆောင်သော ကော်မတီဝင် ၁၃ ဦးပါဝင်သည်။)
- ၂။ အမျိုးသမီးစာရေးဆရာများကော်မတီ (ယင်းကော်မတီတွင် ပန်ဒိုရာ၊ မြေမှုန်လွင် ဦးဆောင်သော ကော်မတီဝင် ၁၄ ဦးပါဝင်သည်။)
- ၃။ ငြိမ်းချမ်းရေးအတွက် စာရေးဆရာများကော်မတီ (ယင်းကော်မတီတွင် ရဲသျှမ်း၊ ညိုထွန်းလူ၊ ဦးခင်မောင်ဦး ဦးဆောင်သော ကော်မတီဝင် ၁၈ ဦးပါဝင်သည်။)
- ၄။ ထောင်တွင်းစာရေးဆရာများကော်မတီ (ယင်းကော်မတီတွင် မျိုးမြင့်ညိမ်း၊ နေဘုန်းလတ် ဦးဆောင်သော ကော်မတီဝင် ၁၂ ဦးပါဝင်သည်။)
- ၅။ PEN MYANMAR လုပ်ငန်းကော်မတီတို့ ဖြစ်သည်။ (ယင်းကော်မတီတွင် မသီတာ(စမ်းချောင်း) ဦးဆောင်သော ကော်မတီဝင် ၃၂ ဦးပါဝင်သည်။)
၅။ အဖွဲ့ဝင်ကြေးကို ယခင် ၃၀ဝ၀ ကျပ်သတ်မှတ်ထားသည့်အစား PEN MYANMAR ညီလာခံသို့ တက်ရောက်လာသည့် ဆန္ဒဖြင့် အဖွဲ့ဝင်ကြေးကို တစ်လလျှင် ၂၀ဝ၀ ကျပ်ဟု ပြောင်းလဲသတ်မှတ်မည်ဖြစ်သည်။ အဖွဲ့ဝင်ကြေးကို ၃ လ မပေးသွင်းခဲ့ပါက အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းနိုင်မည်ဖြစ်သည်။
၆။ အဖွဲ့ဝင်အဖြစ် အချိန်မရွေး လျှောက်လွှာတင်သွင်းနိုင်ကာ အဖွဲ့ဝင်တိုင်းသည် ကော်မတီ ၅ ရပ်အနက် နှစ်သက်ရာကော်မတီ ၁ ခု (သို့) ၂ ခုတွင် ပါဝင်လှုပ်ရှားဆောင်ရွက်ကြရန် နှိုးဆောင်ထားပြီး အစည်းအဝေးသို့ မတက်ရောက်ခဲ့သော်လည်း ကော်မတီများတွင် ပါဝင်လှုပ်ရှားလိုသော အဖွဲ့ဝင်များ အနေဖြင့် penmyanmarcenter@gmail.com သို့ ဆက်သွယ်နိုင်ပါသည်။
မသီတာ(စမ်းချောင်း)
ဥက္ကဋ္ဌ