ရသအစုန်အဆန် (၂၀၁၄)

ပဲန်မြန်မာသည် ရသအစုန်အဆန်ပွဲများကို ၂၀၁၄ ခုနှစ်တွင် စတင်ပြုလုပ်လာခဲ့ရာ ပွဲဦးထွက်အနေဖြင့် ၁၇.၁.၂၀၁၄ တွင် မန္တလေးမြို့၌ ပြုလုပ်ခဲ့သည်။ ၂၀၁၄ ခုနှစ်အတွင်း ရသအစုန်အဆန်ပွဲ ၁၉ကြိမ်အထိ ကျင်းပခဲ့သည်။

မှတ်မှတ်ရရအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်တွင် ကျင်းပခဲ့သော စတုတ္ထအကြိမ်မြောက် ရသအစုန်အဆန်ပွဲကို ထိုစဉ်က PEN International ဥက္ကဋ္ဌ John Ralston Saul ကိုယ်တိုင် ပါဝင်ခဲ့သည်။

၆.၉.၂၀၁၄ တွင် ရန်ကုန်မြို့ပတ်ရထားပေါ်၌ ပြုလုပ်ခဲ့သော ၁၅ကြိမ်မြောက် ရသအစုန်အဆန်သည်လည်း မှတ်မှတ်ထင်ထင်ဖြစ်ခဲ့သော ရသအစုန်အဆန်ပွဲတစ်ခု ဖြစ်သည်။ နေ့စဉ် ရုန်းကန်သွားလာနေသော ရထားစီးပြည်သူများနှင့်အတူ ရသစီးမျောခံစားခဲ့ကြပြီး အမှတ်တရ အဖြစ်အပျက်လည်း ရှိခဲ့သည်။
၂၀၁၄ ခုနှစ်၏ နောက်ဆုံး ရသအစုန်အဆန်ပွဲကို ၁၅.၁၂.၂၀၁၄ တွင် Asia Plaza ဟိုတယ်၌ ကျင်းပသော ပဲန်မြန်မာ၏ ပထမအကြိမ်မြောက် နှစ်ပတ်လည်ညီလာခံတွင် ပြုလုပ်ခဲ့ပြီး ညီလာခံသို့တက်ရောက်လာသော ပဲန်မြန်မာ၏ အဖွဲ့ဝင်များက အားတက်သရော ပါဝင်ခဲ့ကြသည်။
ပဲန်မြန်မာစင်တာ