ရသအစုန်အဆန် (၂၀၁၆)

၂၀၁၆ခုနှစ်အတွင်း ပဲန်မြန်မာက ရသအစုန်အဆန်ပွဲများကို (၄၆)ကြိမ်မြောက်မှ (၇၁)ကြိမ်မြောက်အထိ ၂၆ပွဲ ပြုလုပ်ခဲ့သည်။

ဗိုလ်အောင်ကျော်ရာပြည့် အထိမ်းအမှတ်အဖြစ် (၅၄)ကြိမ်မြောက် ရသအစုန်အဆန်ကို ၂၆.၂.၂၀၁၇ နှင့် ၂၇.၂.၂၀၁၆ တွင် မဲဇလီကုန်း၌ ကျင်းပခဲ့သည်။ အဆိုပါပွဲတွင် ပဲန်မြန်မာမှ ဆရာ ဆရာမ (၂၀)ဦးခန့် ပါဝင်ခဲ့ပြီး ဒေသခံများနှင့် အပြန်အလှန် ရသစုန်ဆန်ခဲ့သည်။

၂၀၁၅ ခုနှစ်အတွင်းက ရသစုန်ဆန်မှုအားကောင်းခဲ့သော ရွှေဘိုမြို့နယ်ရှိ နမောရွာသို့ နောက်ထပ်တစ်ကြိမ် ရသအစုန်အဆန်ထပ်မံသွားခဲ့သည်။ (၆၃)ကြိမ်မြောက် ရသအစုန်အဆန်ကို ၅.၈.၂၀၁၆ ခုနှစ်တွင် နမောရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတစ်ခုတွင် ပြုလုပ်ခဲ့သည်။

၂၀၁၆ ခုနှစ်အတွင်း အမှတ်ရဖွယ် ရသအစုန်အဆန်ပွဲတစ်ခုမှာ ၁၆.၁၀.၂၀၁၆ တွင် မဟာဗန္ဓုလပန်းခြံ၌ ပြုလုပ်ခဲ့သော (၆၉)ကြိမ်မြောက် ရသအစုန်အဆန်ဖြစ်သည်။ အဆိုပါပွဲကို “စုပေါင်းအိပ်မက် ပန်းချီ၊ စာပေ၊ ဂီတ သုခုမ ရသအစုန်အဆန် အနုပညာတင်ဆက်မှု” ဟု အမည်ပေးထားပြီး ရန်ကုန်မြို့ရှိ ပဲန်မြန်မာအဖွဲ့ဝင်များစွာ ပါဝင်ခဲ့ကြသည်။
ပဲန်မြန်မာစင်တာ