ပဲန်မြန်မာ၏ ငြိမ်းချမ်းရေးကဗျာသရုပ်ဖော်တင်ဆက်မှုပြိုင်ပွဲ(ပထမအဆင့်) ကျင်းပ

ပဲန်မြန်မာ၏ ငြိမ်းချမ်းရေးကဗျာသရုပ်ဖော်တင်ဆက်မှုပြိုင်ပွဲ(ပထမအဆင့်) ကျင်းပ
၂ဝ၁၇ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်က ရန်ကုန်မြို့ ပြည်လမ်းရှိ တော်ဝင်စင်တာတွင် ပဲန်မြန်မာက ကြီးမှူးကျင်းပသည့် ငြိမ်းချမ်းရေးကဗျာသရုပ်ဖော်တင်ဆက်မှုပြိုင်ပွဲကို ကျင်းပခဲ့ပါသည်။ ယင်းပြိုင်ပွဲတွင် ကဗျာသင်ပုန်း(ရာမညမြေ)အဖွဲ့၊ တက်လူတို့ရဲ့ ကျူးရင့်သံအဖွဲ့၊ မောင်သုည(မန်းတော်သား)အဖွဲ့၊ အနာဂတ်ငြိမ်းချမ်းရေးမျိုးဆက်သစ်အဖွဲ့၊ Oxygen အဖွဲ့၊ ငြိမ်းချမ်းရေးကမ်းလင့်လက်များအဖွဲ့၊ မြစိမ်းတောင်မှ သက်တံရောင်အဖွဲ့၊ ငြိမ်းချမ်းစိမ်းလန်းအဖွဲ့၊ ရွှေမြန်မာတို့ရဲ့ ငြိမ်းချမ်းရေးအဖွဲ့၊ Rainbow Rays အဖွဲ့စသဖြင့် ၁၀ ဖွဲ့က ပထမအဆင့်မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံးအဆင့်သို့ ပြိုင်ပွဲဝင်အဖွဲ့ ၅ ဖွဲ့က တက်ရောက်ခဲ့ပါသည်။ နောက်ဆုံးအဆင့်ပြိုင်ပွဲကို ဒီဇင်ဘာ ၁၆ ရက်မှာ တော်ဝင်စင်တာတွင် ပြုလုပ်မည်ဖြစ်ပါသည်။ ငြိမ်းချမ်းရေးကဗျာသရုပ်ဖော်တင်ဆက်မှုပြိုင်ပွဲကျင်းပရေးကော်မတီများအဖြစ် ကဗျာဆရာ ခင်အောင်အေး၊ ကဗျာဆရာမ ပန်ဒိုရာ၊ ကဗျာဆရာ စေော၀၊ ကဗျာဆရာမ စုမီအောင်၊ ကဗျာဆရာ မောင်ဆောင်းခတို့က ဆောင်ရွက်ခဲ့ကြပါသည်။ ငြိမ်းချမ်းရေးကဗျာသရုပ်ဖော်တင်ဆက်မှုပြိုင်ပွဲတွင် အကဲဖြတ်များအဖြစ် ကဗျာဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)၊ ကဗျာဆရာ မင်းထက်မောင်နှင့် ကဗျာဆရာမ ဖြူမွန်တို့က ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားမှူး များအဖြစ် ကဗျာဆရာ စောဝေနှင့် ကဗျာဆရာမ စုမီအောင်တို့က ဆောင်ရွက်ခဲ့ကြပါသည်။


