PEN Myanmar ၏ ထုတ်ပြန်ကြေညာချက် (၅/၂၀၁၇)

PEN Myanmar ၏ ထုတ်ပြန်ကြေညာချက် (၅/၂၀၁၇)၊ ၁၆ ရက်၊ နိုဝင်ဘာလ၊ ၂၀၁၇ ခုနှစ်၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။

၁။ PEN Myanmar ၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးနှင့် ပတ်သက်သည့် တိုင်ကြားစာတစ်စောင်ကို ၂၀၁ရခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့စွဲဖြင့် လက်ခံရရှိခဲ့သည်။ ဖေ့စ်ဘွတ်ခ်ပို့စ်တွင် တိုင်ကြားသူက လွှင့်တင်ထားသည့် မူရင်းဖော်ပြချက်အတိုင်း ပေးပို့ခဲ့သည်ကို တိုင်ကြားစာအဖြစ် လက်ခံရရှိခဲ့ခြင်းဖြစ်ပါသည်။ သက်သေအထောက်အထားများ ပူးတွဲဖော်ပြထားခြင်း မရှိပါ။

၂။ အဆိုပါ တိုင်ကြားစာနှင့်ပတ်သက်၍ PEN Myanmar ၏ ဒါရိုက်တာအဖွဲ့ဝင်များနှင့် အမာခံအဖွဲ့ဝင်များအတွင်း အရေးပေါ် အစည်းအဝေးတစ်ရပ်ကို ယနေ့ခေါ်ယူကာ တိုင်ကြားခံရသူ ဒါရိုက်တာအဖွဲ့ဝင်အား မေးမြန်းစုံစမ်းခဲ့ပါသည်။

၃။ ဆက်လက်၍ အဆိုပါပြဿနာကို ဘက်လိုက်မှုမရှိဘဲ တိကျသောအဖြေတစ်ခုရရှိရန်အတွက် စုံစမ်းရေးကော်မတီတစ်ရပ် ဖွဲ့စည်းကာ သက်သေခံများအား စုံစမ်းမေးမြန်းခြင်းများ ပြုလုပ်သွားရန် စီစဉ်ဆောင်ရွက်နေပါသည်။

၄။ စုံစမ်းရေးလုပ်ငန်းစဉ်များ မပြီးဆုံးသေးခင်နှင့် လိုအပ်သလို အရေးယူမှုများ မပြုလုပ်ရသေးခင်ကာလများတွင် ထိုဒါရိုက်တာအဖွဲ့ဝင်ကို ပေးအပ်ထားသောတာဝန်များမှ ခေတ္တဆိုင်းငံထားပါသည်။

၅။ PEN Myanmar ၏ ဒါရိုက်တာအဖွဲ့ဝင်အားလုံးအနေဖြင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်တိုင်စာပါ အကြောင်းအရာများကို နိုဝင်ဘာ ၁၂ နှင့် ၁၃ ရက်နေ့များ၌ ဖေ့စ်ဘွတ်ခ်ပို့များတွင် တက်လာမှသာ သိခဲ့ရခြင်းဖြစ်သဖြင့် များစွာစိတ်မကောင်းဖြစ်ရပါသည်။ ယခုကဲ့သို့ အကြောင်းအရာများကို ပဲန်မြန်မာအဖွဲ့အတွင်း ယခုထက်စောစီးစွာ တရားဝင်တိုင်ကြားခဲ့ပါက ယခုထက် စောလျင်စွာ အရေးယူဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

၆။ PEN Myanmar ၏ ဂုဏ်သိက္ခာနှင့်အညီ လုပ်ဆောင်ဖွယ်ရာကိစ္စများကို ဆက်လက်ဆောင်ရွက်လျက် ရှိပါသည်။

ဒါရိုက်တာအဖွဲ့

PEN Myanmar

ဆက်သွယ်မေးမြန်းလိုပါက

ဟန်ဇော်၊ အတွင်းရေးမှူး

ဖုန်း  ၀၉ ၇၉၁ ၀၈၈ ၈၆၁ သို့

ဆက်သွယ်နိုင်ပါသည်။

Leave comment

Your email address will not be published. Required fields are marked with *.