ငြိမ်းချမ်းရေးကဗျာသရုပ်ဖော်တင်ဆက်မှုပြိုင်ပွဲ(နောက်ဆုံးအဆင့်)ကျင်းပ

ငြိမ်းချမ်းရေးကဗျာသရုပ်ဖော်တင်ဆက်မှုပြိုင်ပွဲ(နောက်ဆုံးအဆင့်)ကျင်းပ

ပဲန်မြန်မာက ငြိမ်းချမ်းရေးကဗျာသရုပ်ဖော်တင်ဆက်မှုပြိုင်ပွဲ(နောက်ဆုံးအဆင့်)ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက် ညနေ ၃ နာရီအချိန်၌ ရန်ကုန်မြို့ ပြည်လမ်း တော်ဝင်စင်တာ Level-2 ပရိုမိုးရှင်းဧရိယာမှာ ပြုလုပ်ခဲ့ပါသည်။ ယခုအဆင့်၌ ငြိမ်းချမ်းစိမ်းလန်းအဖွဲ့၊ မြစိမ်းတောင်မှ သက်တံရောင်အဖွဲ့၊ ကဗျာသင်ပုန်း(ရာမညမြေ)အဖွဲ့၊ မောင်သုည(မန်းတော်သား)အဖွဲ့နှင့် Oxygen အဖွဲ့တို့က ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။ နောက်ဆုံးအဆင့်ပြိုင်ပွဲ၌ ပထမဦးဆုံးအနေဖြင့် မြစိမ်းတောင်မှ သက်တံရောင်အဖွဲ့က `ယမ်းနံ့တွေ ကင်းဝေးပါစေ´၊ `ခြောက်ဆယ်ကျော်အလွန်´၊ `ငြိမ်းချမ်းရေးကို ပေးသနားလှည့်ပါ´၊ `တမ်းတမျှော်မှန်း ငြိမ်းချမ်းရက်ဆီ´၊`သုံးသပ်စို့လား´၊ `ဝေဟင်ပေါ်က မြပဝါ´ စသည့်ကဗျာများကို စုပေါင်းရွတ်ဆိုတင်ဆက်ဟန်ဖြင့် ပါဝင်ခဲ့ပါသည်။ ဆက်လက်၍ မောင်သုည(မန်းတော်သား)အဖွဲ့က မောင်သုည(မန္တလေး) ရေးသားသည့်`ချစ်မေတ္တာရေစင် ဖျန်းပက်ကြပါစို့`ကဗျာဖြင့်လည်းကောင်း၊ ကဗျာသင်ပုန်း(ရာမညမြေ)အဖွဲ့က ဂိုးဂိုး(မောရမြိုင်) ရေးသားသည့်`စည်းလုံးညီညွတ်ခြင်းရနံ့များဖြင့် ခွဲခြားခြင်းမဲ့ ညီမျှသောလွင်ပြင်ပေါ် လှလှပပပွင့်လာမယ့် ငြိမ်းချမ်းရေးအိပ်မက်များ´ကဗျာဖြင့်လည်းကောင်း၊ ငြိမ်းချမ်းစိမ်းလန်းအဖွဲ့က ခရမ်းပြာ ရေးသားသည့် `နားလည်မှုပန်းတို့ပွင့်ေ၀ ငြိမ်းချမ်းစိမ်းလန်းမြေ´ကဗျာဖြင့်လည်းကောင်း၊ Oxygen အဖွဲ့က ဥတ္တရလမင်းနှင့်ဘယ်ဂျော် ရေးသားသည့် `ငြိမ်းချမ်းရေးကိုရှာဖို့ ငါတို့ ခရီးထွက်ခဲ့ကြတယ်´ကဗျာများဖြင့် ပါဝင်တင်ဆက်ခဲ့ကြပါသည်။ ပြိုင်ပွဲဝင်အဖွဲ့များ အသီးသီးယှဉ်ပြိုင်ပြီးသည့်နောက်တွင် ဆုရရှိမည့်အဖွဲ့များကို ကြေညာခြင်းမရှိဘဲ ဒီဇင်ဘာ ၁၇ ရက်၌ ပြုလုပ်သည့် ပဲန်မြန်မာနှစ်ပတ်လည်အထွေထွေညီလာခံမှာ ဆုကြေညာခြင်း၊ ဆုချီးမြှင့်ခြင်းအစီအစဉ်များကို ပြုလုပ်ခဲ့ပါသည်။ နောက်ဆုံးအဆင့်ပြိုင်ပွဲတွင် အကဲဖြတ်ဒိုင်များထဲက ကဗျာဆရာ မင်းထက်မောင်နှင့် ကဗျာဆရာမ ဖြူမွန်တို့က ပြိုင်ပွဲဝင်များသို့ အမှတ်တရစကားပြောကြားခဲ့ပြီး ပြိုင်ပွဲကျင်းပရေးကော်မတီဝင် ကဗျာဆရာ မောင်ဆောင်းခကလည်း ပြိုင်ပွဲနှင့်ပတ်သက်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ပဲန်မြန်မာ၏ ငြိမ်းချမ်းရေးကဗျာသရုပ်ဖော်တင်ဆက်မှုပြိုင်ပွဲများတွင် ပဲန်မြန်မာအဖွဲ့ဝင် ကဗျာဆရာ စောဝေနှင့် ကဗျာဆရာမ စုမီအောင်တို့က အခမ်းအနားမှူးအဖြစ် လက်တွဲညီညီ လုပ်ဆောင်ခဲ့ပါသည်။

မောင်သုည(မန်းတော်သား)အဖွဲ့၏ ကဗျာရွတ်ဆိုတင်ဆက်ဟန်
ကဗျာသင်ပုန်း(ရာမညမြေ)အဖွဲ့၏ ကဗျာရွတ်ဆိုတင်ဆက်ဟန်
ငြိမ်းချမ်းစိမ်းလန်းအဖွဲ့၏ ကဗျာရွတ်ဆိုတင်ဆက်ဟန်
Oxygen အဖွဲ့၏ ကဗျာရွတ်ဆိုတင်ဆက်ဟန်
အမှတ်တရစကားပြောကြားနေသည့် ကဗျာဆရာမ ဖြူမွန်
အမှတ်တရစကားပြောကြားနေသည့် ကဗျာဆရာ မင်းထက်မောင်
အခမ်းအနားမှုးများအဖြစ် ဆောင်ရွက်သည့် ကဗျာဆရာ စောဝေနှင့် ကဗျာဆရာမ စုမီအောင်
ပြိုင်ပွဲဝင်များ အမှတ်တရ

Leave comment

Your email address will not be published. Required fields are marked with *.