စတုတ္ထအကြိမ် ပဲန်မြန်မာနှစ်ပတ်လည်အထွေထွေညီလာခံ၌ ငြိမ်းချမ်းရေးကဗျာသရုပ်ဖော်တင်ဆက်မှုပြိုင်ပွဲ ဆုချီးမြှင့်

စတုတ္ထအကြိမ် ပဲန်မြန်မာနှစ်ပတ်လည်အထွေထွေညီလာခံ၌ ငြိမ်းချမ်းရေးကဗျာသရုပ်ဖော်တင်ဆက်မှုပြိုင်ပွဲ ဆုချီးမြှင့်

ငြိမ်းချမ်းရေးကဗျာသရုပ်ဖော်တင်ဆက်မှုပြိုင်ပွဲ၏ ဆုချီးမြှင့်ခြင်းအစီအစဉ်ကို စတုတ္ထအကြိမ်မြောက် ပဲန်မြန်မာ၏ နှစ်ပတ်လည်အထွေထွေညီလာခံမှာ ထည့်သွင်းပြုလုပ်ခဲ့ပါသည်။ နောက်ဆုံးအဆင့်ပြိုင်ပွဲ၌ ပြိုင်ပွဲဝင်အဖွဲ့ ၅ ဖွဲ့ပါဝင်ယှဉ်ပြိုင်ရာ မောင်သုည(မန်းတော်သား)အဖွဲ့နှင့် ငြိမ်းချမ်းစိမ်းလန်းအဖွဲ့တို့က နှစ်သိမ့်ဆုများ ဆွတ်ခူးခဲ့ပြီး မြစိမ်းတောင်မှ သက်တံရောင်အဖွဲ့က ရမှတ် ၂၄၅ မှတ်ဖြင့် တတိယ၊ ကဗျာ သင်ပုန်း(ရာမညမြေ)အဖွဲ့က ရမှတ် ၂၆၇ မှတ်ဖြင့် ဒုတိယ၊ Oxygen အဖွဲ့က ရမှတ် ၂၇၅ မှတ်ဖြင့် ပထမဆုတို့ကို ရရှိခဲ့ကြပါသည်။ ပထမဆုရ အဖွဲ့ကို ဆုကြေးငွေ ကျပ် ၁၀ သိန်း၊ ဒုတိယဆုကို ဆုကြေးငွေ ကျပ် ၇ သိန်းနှင့် တတိယဆုတို့ကို ဆုကြေးငွေ ကျပ် ၅ သိန်းစီ အသီးသီးချီးမြှင့်ခဲ့ပါသည်။ ဆုကြေးငွေများကို ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက က ပံ့ပိုးကူညီခဲ့ပါသည်။ ဆုပေးပွဲအစီအစဉ်တွင် ပထမဆုရ Oxygen အဖွဲ့က ဆုရရှိခဲ့သည့် ကဗျာကို ပြန်လည်ရွတ်ဆိုတင်ဆက်ခဲ့ပါသည်။

ပထမဆုနှင့်ဒုတိယဆုအတွက် မကြေညာမီ ကဗျာသင်ပုန်း(ရာမညမြေ)အဖွဲ့သားများနှင့် Oxygen အဖွဲ့သားများက အခမ်းအနားမှူးနှစ်ဦးတို့၏ အစီအစဉ်တွင် စိတ်လှုပ်ရှားစွာ ပါဝင်တင်ဆက်နေကြစဉ်
ပထမဆုရ Oxygen အဖွဲ့ကို
ပဲန်မြန်မာဥက္ကဋ္ဌ ဆရာ မျိုးမြင့်ညိမ်းက ဆုချီးမြှင့်စဉ်
ဒုတိယဆုရ ကဗျာသင်ပုန်း(ရာမညမြေ)အဖွဲ့ကို
ပဲန်မြန်မာ၏ဒါရိုက်တာဘုတ်အဖွဲ့ဝင် စာရေးဆရာ ညီပုလေးက ဆုချီးမြှင့်စဉ်
တတိယဆုရ မြစိမ်းတောင်မှ သက်တံရောင်အဖွဲ့ကို ပဲန်မြန်မာအဖွဲ့ဝင် စာရေးဆရာ နေဘုန်းလတ်က ဆုချီးမြှင့်စဉ်
နှစ်သိမ့်ဆုရ ငြိမ်းချမ်းစိမ်းလန်းအဖွဲ့ကို ပဲန်မြန်မာဒါရိုက်တာဘုတ်အဖွဲ့ဝင် စာရေးဆရာမ ချောအိမာန်(မန္တလေး)က ဆုချီးမြှင့်စဉ်
နှစ်သိမ့်ဆုရ မောင်သုည(မန်းတော်သား)အဖွဲ့ကို ပဲန်မြန်မာအဖွဲ့ဝင် ကဗျာဆရာ မောင်ဆောင်းခက ဆုချီးမြှင့်စဉ်

Leave comment

Your email address will not be published. Required fields are marked with *.