ရသအစုန်အဆန် (၂၀၁၇)

၂၀၁၇ခုနှစ်တွင် ပထမဆုံးကျင်းပခဲ့သော ရသအစုန်အဆန်ကို ၈.၁.၂၀၁၇တွင် မြောင်းမြမြို့နယ် ပျဉ်ပုံကျေးရွာ၌ ကျင်းပခဲ့သည်။ ယင်းပွဲသည် ပဲန်မြန်မာ၏ (၇၂)ကြိမ်မြောက် ရသအစုန်အဆန်ပွဲလည်း ဖြစ်သည်။ ၂၀၁၇ခုနှစ်၏ နောက်ဆုံးရသအစုန်အဆန်ပွဲကို ဝတ္ထုတိုရာပြည့်အထိမ်းအမှတ်အဖြစ် ရန်ကုန်ဘွတ်ခ်ပလာဇာတွင် ၃၀.၉.၂၀၁၇၌ ကျင်းပခဲ့သည်။ ၂၀၁၇ခုနှစ်အတွင် ရသအစုန်အဆန် (၇၂)ကြိမ်မြောက်မှ (၈၉)ကြိမ်မြောက်အထိ ၁၈ပွဲ ကျင်းပနိုင်ခဲ့သည်။
မြင်းခြံမြို့တွင် ပထမဆုံးပြုလုပ်သော Barcamp 2017 တွင် ပဲန်မြန်မာကလည်း ရသအစုန်အဆန်ဖြင့် ပါဝင်ခဲ့သည်။ ၂၁.၁.၂၀၁၇ နှင့် ၂၂.၂.၂၀၁၇ နေ့တို့တွင် ပဲန်မြန်မာ၏ (၇၃)ကြိမ်မြောက်နှင့် (၇၄)ကြိမ်မြောက်ရသအစုန်အဆန်ကို မြင်းခြံ Barcamp 2017 တွင် ပြုလုပ်ခဲ့သည်။


(၈၆)ကြိမ်မြောက် ရသအစုန်အဆန်အဖြစ် စာပေအစဉ်အလာကြီးမားသော မန္တလေးမြို့၏ မန္တလေးတက္ကသိုလ်ရှိ လူထုစာအုပ်ဆိုင်ရှိရာ စိန်ပန်းရိပ်တွင် ၁၀.၇.၂၀၁ရနေ့၌ ကျင်းပခဲ့သည်။ အဆိုပါနေ့တွင် (၈၇)ကြိမ်မြောက် ရသအစုန်အဆန်ကို စစ်ကိုင်းမြို့ရှိ မြစကြာကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည်။

ပဲန်မြန်မာ၏ ရသအစုန်အဆန်ပွဲများကို တက္ကသိုလ်များတွင်လည်း ကျင်းပခဲ့ရာ (၈၈)ကြိမ်မြောက် ရသအစုန်အဆန်ကို မုံရွာတက္ကသိုလ်တွင် ၁၀.၇.၂၀၁၇၌ ပြုလုပ်ခဲ့ပါသည်။ မုံရွာတက္ကသိုလ်ကျောင်းသားသမဂ္ဂ၏ ဖိတ်ကြားမှုဖြင့် ပြုလုပ်ခဲ့သော အဆိုပါ ပွဲတွင် မုံရွာတက္ကသိုလ်ကျောင်းသားများသာမက ဆရာ၊ ဆရာမများပါ ပါဝင်ခဲ့ကြသည်။
ပဲန်မြန်မာစင်တာ