ရသအစုန်အဆန် (၂၀၁၈)


ပဲန်မြန်မာသည် ၂၀၁၈ခုနှစ်အတွင်း ရသအစုန်အဆန်ပွဲများကို အကြိမ် (၉၀)မြောက်အဖြစ် ၁၆.၂.၂၀၁၈တွင် ကချင်ပြည်နယ် မိုးညင်းမြို့၌ စတင်ပြုလုပ်ခဲ့သည်။ အကြိမ် (၉၀)မြောက် ရသအစုန်အဆန်ကို ၁၆.၂.၂၀၁၈တွင် မိုးညင်းမြို့၊ (၉၁)ကြိမ်မြောက် ရသအစုန်အဆန်ကို ၁၆.၂.၂၀၁၈မှာပင် မိုးကောင်းမြို့၊ (၉၂)ကြိမ်မြောက် ရသအစုန်အဆန်ကို ၁၇.၂.၂၀၁၈တွင် မြစ်ကြီးနားမြို့တို့၌ ပြုလုပ်ခဲ့ပြီး ဒေသခံ စာပေပညာရှင်များနှင့် ၀ါသနာရှင်များ တက်ကြွစွာပါဝင်ခဲ့သည်။


(၉၃)ကြိမ်မြောက် ရသအစုန်အဆန်ကို ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ကျင်းပခဲ့ပြီး နည်းပညာတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။


ပဲန်မြန်မာသည် ရသအစုန်အဆန်များကို ပြည်တွင်း၌သာမက ပြည်ပနိုင်ငံများတွင်ပါ ကျင်းပခဲ့သည်။ ပဲန်မြန်မာ၏ (၉၆)ကြိမ်မြောက်ရသအစုန်အဆန်ကို ပဲန်မြန်မာအဖွဲ့ဝင် ရွှေတွံတေးဆရာတော်၏ ဖိတ်ကြားမှုအရ ထိုင်းနိုင်ငံ မဟာချိုင်ရှိ ဝပ်ကံကျောင်းတွင် ၂၅.၃.၂၀၁၈၌ ပြုလုပ်ခဲ့သည်။ အဆိုပါပွဲကို ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ တက်ရောက်ခဲ့ကြသည်။ ရသအစုန်အဆန်အပြီးတွင် ပဲန်မြန်မာမှ ဆရာ ဆရာမများနှင့် မဟာချိုင်ရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ ၂၀၁၈ခုနှစ် သင်္ကြန်ကို ကြိုတင်၍ ဆင်နွှဲခဲ့ကြသည်။

ပဲန်မြန်မာ၏ (၁၀၁)ကြိမ်မြောက် ရသအစုန်အဆန်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အကြိုအထိမ်းအမှတ်အဖြစ် မြောက်ဥက္ကလာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပူးပေါင်း၍ မြောက်ဥက္ကလာမြို့နယ်ခန်းမတွင် ၁၅.၆.၂၀၁၈တွင် ကျင်းပခဲ့သည်။
ပဲန်မြန်မာသည် ၂၁.၇.၂၀၁၈ထိ ရသအစုန်အဆန် (၁၀၂)ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
ပဲန်မြန်မာစင်တာ