လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ထူးချွန်စွာ ကာကွယ်ကျင့်သုံးသူ နိုင်ငံဝန်ထမ်း(ဟောင်း) ဦးမိုးရန်နိုင်အား ဂုဏ်ပြုဆုချီးမြှင့်

ရန်ကုန်မြို့ တော်ဝင်ဂါးဒင်းဟိုတယ်ရှိ ပုဂံခန်းမဆောင်၌ ၂၀၁၈ခုနှစ် ဒီဇင်ဘာလ ၂၂ရက်နေ့တွင် ကျင်းပခဲ့သော ပဲန်မြန်မာ၏ ပဥ္စမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေညီလာခံတွင် ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်အား လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ထူးချွန်စွာ ကာကွယ်ကျင့်သုံးသူ အဖြစ် ဂုဏ်ပြုဆုချီးမြှင့်ခဲ့သည်။

ဆုမချီးမြှင့်မီ “ပဲန်မြန်မာ၏ထုတ်ပြန်ကြေညာချက် (၇/၂၀၁၈) – လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ထူးချွန်စွာ ကာကွယ်ကျင့်သုံးသူ နိုင်ငံဝန်ထမ်း(ဟောင်း) ဦးမိုးရန်နိုင်အား ဂုဏ်ပြုဆုချီးမြှင့်ခြင်း” ကို ပဲန်မြန်မာ၏ ဒါရိုက်တာအဖွဲ့ဝင် စာရေးဆရာမ မိချမ်းဝေက ဖတ်ကြားခဲ့သည်။ ထို့နောက် ဂုဏ်ပြုဆုကို ပဲန်မြန်မာ၏ ဥက္ကဋ္ဌ ဆရာမျိုးမြင့်ညိမ်းက ပေးအပ်ခဲ့ပြီး ဒုရဲမှူးဟောင်း မိုးရန်နိုင်၏ညီဖြစ်သူ ဦးရဲဝင့်နိုင်က လက်ခံခဲ့သည်။ ဂုဏ်ပြုဆုနှင့်အတူ ဆုငွေကျပ် ၁၅သိန်း ၆သောင်းကိုလည်း ပဲန်မြန်မာ၏ဒါရိုက်တာအဖွဲ့ဝင် စာရေးဆရာမ ခင်မြဇင်က ပေးအပ်ခဲ့ပါသည်။

“ပဲန်မြန်မာ၏ထုတ်ပြန်ကြေညာချက် (၇/၂၀၁၈) – လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ထူးချွန်စွာ ကာကွယ်ကျင့်သုံးသူ နိုင်ငံဝန်ထမ်း(ဟောင်း) ဦးမိုးရန်နိုင်အား ဂုဏ်ပြုဆုချီးမြှင့်ခြင်း” ကို စာရေးဆရာမ မိချမ်းဝေက ဖတ်ကြား

 

ဂုဏ်ပြုဆုပေးအပ်သူ ပဲန်မြန်မာဥက္ကဋ္ဌ ဆရာမျိုးမြင့်ညိမ်းနှင့် ဆုလက်ခံသူ ဦးရဲဝင့်နိုင်

 

ဂုဏ်ပြုဆုငွေပေးအပ်သူ ပဲန်မြန်မာ၏ ဒါရိုက်တာ စာရေးဆရာမ ခင်မြဇင်နှင့် ဆုလက်ခံသူ ဦးရဲဝင့်နိုင်

 

ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်၏ညီဖြစ်သူ ဦးရဲဝင့်နိုင်

ဒုရဲမှူးဟောင်း မိုးရန်နိုင်၏ ညီဖြစ်သူက ဦးရဲဝင့်နိုင်က “ နိုင်ငံပိုင်မီဒီယာတွေမှာ ကြေညာသွားတာကတစ်မျိုး၊ တစ်ကယ်တမ်း ကျွန်တော့်အစ်ကိုရော သတင်းထောက်တွေပါ အရေးယူခံရတာကတစ်မျိုး၊ စာရွက်စာတမ်းတွေလက်ခံရယူလို့ အရေးယူတယ်လို့ ကြေညာတယ်။ ကျွန်တော့်အစ်ကိုကိုလည်း ပေးလို့အရေးယူတယ်လို့ ကြေညာတယ်။ ဒါပေမယ့်အားလုံးပြီးသွားတဲ့အခါမှာ ကြေညာထားသလိုမဟုတ်တဲ့အတွက် အမှန်တရားတစ်ခု ပျောက်ဆုံးသွားတယ်” ဟု ပြောကြားခဲ့သည်။

 

ပဲန်မြန်မာစင်တာ

Leave comment

Your email address will not be published. Required fields are marked with *.