(၁၀၉)ကြိမ်မြောက် ရသအစုန်အဆန် ရေးသူဖတ်သူစုန်ဆန်ပွဲ

ပဲန်မြန်မာ၏ (၁၀၉)ကြိမ်မြောက် ရသအစုန်အဆန် ရေးသူဖတ်သစုန်ဆန်ပွဲကို ၂၀၁၈ခုနှစ် ဒီဇင်ဘာလ ၂၅ရက်နေ့ (ခရစ်စမတ်နေ့)တွင် Save Myanmar Children အဖွဲ့နှင့် ပူးပေါင်း၍ မဟာဗန္ဓုလပန်းခြံ၌ ကျင်းပခဲ့သည်။
အဆိုပါ ပွဲကို ပဲန်မြန်မာအဖွဲ့ဝင်များဖြစ်သော မိချမ်းဝေ၊ စုမီအောင်၊ နှင်းသီရိကျက်သရေ၊ Jasmine၊ သက်ဝေနှင်း(အောင်လံ)၊ တည်မှီ၊ အိမွန်သော်နှင့် စောဝေတို့ ပါဝင်ခဲ့ကြသည်။
ပဲန်မြန်မာအဖွဲ့ဝင်မဟုတ်သော်လည်း ဆရာ အောင်ဇင်မင်းနှင့် ဆရာမ မအိတို့ကလည်း ပါဝင်၍ ကဗျာရွတ်ဆိုခဲ့ပြီး မဟာဗန္ဓုလပန်းခြံအတွင်းရှိ စိတ်ပါဝင်စားစွာ လာရောက်နားထောင်ကြသော ရသစာပေကိုစိတ်ပါဝင်စားသော ပရိတ်သတ်များ၏ အပြန်အလှန်စုန်ဆန်မှုကြောင့် အားကောင်းသောရသအစုန်အဆန်ပွဲတစ်ခု ဖြစ်ခဲ့သည်။