၁၁၁ ကြိမ်မြောက် ရသအစုန်အဆန် ရေးသူဖတ်သူစုန်ဆန်ပွဲ

ပဲန်မြန်မာ၏ ၁၁၁ ကြိမ်မြောက် ရသအစုန်အဆန်ရေးသူဖတ်သူစုန်ဆန်ပွဲကို ကရင်ပြည်နယ် ဘားအံမြို့ ကော့ရင်းအောက်ကျေးရွာရှိ ရွာလယ်ဓမ္မာရုံတွင် ၂၀၁၉ ခုနှစ် ဖေဖော််ဝါရီလ ၁၁ ရက်နေ့ မနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားမှူး ကဗျာဆရာစောဝေ

ပဲန်မြန်မာအဖွဲ့ဝင် ဆရာ ဟန်ဇော်က ပွဲစစချင်းမှာ ပဲန်မြန်မာအကြောင်း မိတ်ဆက်ပြောကြားခြင်း၊ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်အကြောင်းနှင့် သတင်းအချက်အလက်ရပိုင်ခွင့်အကြောင်းတို့ကို ၄၅ မိနစ်ခန့် ဆွေးနွေးပြောကြားခဲ့ပြီးနောက် ပဲန်မြန်မာအဖွဲ့ဝင်များဖြစ်ကြသည့် ဆရာ ဟန်ဇော်၊ ဆရာ စောဝေ၊ ဆရာမ စုမီအောင်၊ ဆရာမ နန်းကြာဖြူ(ဘားအံ)၊ ဆရာ သူရဿဝါနှင့် ဆရာမ ထက်မြတ်နိုင်ဇင်တို့က ရသစုန်ဆန်ခဲ့ကြပါသည်။

ဆရာသူရဿဝါ
ဆရာမစုမီအောင်၏ တင်ဆက်မှုအနုပညာ
ပဲန်မြန်မာအဖွဲ့ဝင် ဆရာမထက်မြတ်နိုင်ဇင်
ဆရာမ နန်းကြာဖြူ(ဘားအံ)
ပြန်လည်စုန်ဆန်နေသူတစ်ဦး
ကရင်ရိုးရာအကဖြင့် ကပြနေသော ဒေသခံလူငယ်များ
တက်ရောက်လာသူများနှင့် အမှတ်တရ

တက်ရောက်လာသည့် ကော့ရင်းအောက်ကျေးရွာရှိ လူငယ်လူရွယ်များကလည်း ပြန်လည်စုန်ဆန်ခြင်းများ ပြုလုပ်ခဲ့သလို ကရင်ရိုးရာသီချင်းတစ်ပုဒ်ကို ကရင်ရိုးရာအကများဖြင့်လည်း ပြန်လည်ကပြခဲ့ကြပါသည်။
ဆရာမ စုမီအောင်၏ တင်ဆက်မှုအနုပညာမှာလည်း တက်ရောက်လာသည့် လူငယ်လူရွယ်များအားလုံး ပူးပေါင်းပါဝင်လုပ်ဆောင်ခဲ့ပါသည်။

Leave comment

Your email address will not be published. Required fields are marked with *.