စာပေနှင့် ရပိုင်ခွင့်များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ပဲန်မြန်မာ၊ နော်ဝေသံရုံးနှင့် နော်ဝေနိုင်ငံမှ ဟဲဒါဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ၂၃.၂.၂၀၁၉ (စနေနေ့)တွင် တော်ဝင်ဂါးဒင်းဟိုတယ်ရှိ ဇလပ်ဖြူခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီး Ms. Tone Tinnes က အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီး Ms. Tone Tinnes က အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားစဉ်

စာအုပ်လောကအခြေအနေအကြောင်း၊ ကျောင်းသုံးစာအုပ်များအကြောင်း၊ မူပိုင်ခွင့်ဥပဒေအကြောင်း နှင့် စာကြည့်တိုက်များအကြောင်းကို presentation များနှင့် စကားဝိုင်းဆွေးနွေးပွဲများ ပြုလုပ်၍ ဆွေးနွေးခဲ့ကြသည်။

နော်ဝေနိုင်ငံရှိ ဟဲဒါဖောင်ဒေးရှင်းမှ Mr. Lorentzen က The Literary System and Contractual Terms ခေါင်းစဉ်ဖြင့် ရှင်းလင်းပြောကြားစဉ်
မြန်မာနိုင်ငံ၏ လက်ရှိစာအုပ်လောကအကြောင်းကို ပဲန်မြန်မာဥက္ကဋ္ဌ ဆရာမျိုးမြင့်ညိမ်း၊ ငါတို့စာပေမှ ဆရာမြေမှုန်လွင်နှင့် စိတ်ကူးချိုချိုစာအုပ်တိုက်မှ ကိုအောင်စည်သာတို့က ဆွေးနွေးနေစဉ်
မြန်မာနိုင်ငံ၏ လက်ရှိစာအုပ်လောကအကြောင်းကို ပြန်လည်ဆွေးနွေးနေသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦး
မြန်မာနိုင်ငံ၏ လက်ရှိစာအုပ်လောကအကြောင်းကို ပြန်လည်ဆွေးနွေးနေသော ကဗျာဆရာ မောင်သွေးသစ်
Strengthening the Book Industry : Production of School Books ခေါင်းစဉ်ဖြင့် ရှင်းလင်းပြောကြားနေသော Mr. Fuglerud
မြန်မာနိုင်ငံ၏ ကျောင်းသုံးစာအုပ်ဆိုင်ရာအကြောင်းအရာများကို အငြိမ်းစားပါမောက္ခ ဒေါက်တာဒေါ်နုနုဝင်း၊ ဆရာဟိန်းလတ်နှင့် ဆရာမ မသီတာ(စမ်းချောင်း)တို့က ဆွေးနွေးပြောကြားစဉ်
မြန်မာနိုင်ငံ၏ ကျောင်းသုံးစာအုပ်ဆိုင်ရာ အကြောင်းအရာများကို ပြန်လည်ဆွေးနွေးနေသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်
မြန်မာနိုင်ငံ၏ ကျောင်းသုံးစာအုပ်ဆိုင်ရာ အကြောင်းအရာများကို ပြန်လည်ဆွေးနွေးနေသော ရွှေလက်ဆောင် စာအုပ်တိုက်မှ ကိုယ်စားပြုတက်ရောက်လာသူတစ်ဦး
Modernizing Copyright Legislation : Copyright and Collective Management of Rights ခါင်းစဉ်ဖြင့် ရှင်းလင်းပြောကြားနေသော Mr. Fuglerud
မြန်မာနိုင်ငံ၏ မူပိုင်ခွင့်ဆိုင်ရာအကြောင်းအရာများကို ဆွေးနွေးပြောကြားနေသော ဦးမိုးမင်းသူ၊ ဦးအောင်စိုးဦးနှင့် ပဲန်မြန်မာ၏အတွင်းရေးမှူး ဟန်ဇော်
Libraries : An Introduction to Public Lending Rights အကြောင်းရှင်းလင်းပြောကြားနေသော Mr. Lorentzen
မြန်မာနိုင်ငံ၏ စာကြည့်တိုက်များအကြောင်းကို ဦးသန့်သော်ကောင်း၊ ဦးအောင်မြင့်နှင့် ဦးမောင်မောင်စိုးတို့က ဆွေးနွေးနေစဉ်
ကျေးဇူးတင်စကားပြောကြားနေသော ပဲန်မြန်မာဥက္ကဋ္ဌ ဆရာမျိုးမြင့်ညိမ်း

စာပေနှင့် ရပိုင်ခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ စာရေးဆရာများ၊ အယ်ဒီတာများ၊ စာအုပ်တိုက်ပိုင်ရှင်များ၊ ဥပဒေပညာရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ စာကြည့်တိုက်ပညာရှင်များ၊ စာပေဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားပြုသူများနှင့် အခြား ဖိတ်ကြားထားသူများ တက်ရောက်၍ ဆွေးနွေးခဲ့ကြသည်။

Leave comment

Your email address will not be published. Required fields are marked with *.