လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက်ရပိုင်ခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်တွင် ကျင်းပ

လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက်ရပိုင်ခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ပဲန်မြန်မာနှင့်အတူ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်နှင့် ပြည်ကြီးခင်အဖွဲ့တို့ ပူးပေါင်း၍ ၂၀၁၉ခုနှစ် မတ်လ ၁ရက်နေ့တွင် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ရုံး၌ ကျင်းပခဲ့သည်။
မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌကိုယ်စား ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က အဖွင့်နှုတ်ခွန်းဆက်စကားကို ပြောကြားခဲ့ပြီး ပဲန်မြန်မာဥက္ကဋ္ဌ ဆရာမျိုးမြင့်ညိမ်းက ပဲန်မြန်မာ၏ လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဆရာမျိုးမြင့်ညိမ်းကပင် လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အြခေခံသဘောတရားများနှင့် သွင်ပြင်လက္ခဏာများကို ရှင်းလင်းပြောကြားခဲ့သည်။

ပဲန်မြန်မာအကြောင်းမိတ်ဆက်ပြောကြားနေသည့် ပဲန်မြန်မာဥက္ကဋ္ဌ ဆရာမျိုးမြင့်ညိမ်း

လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ညွှန်းကိန်းများအကြောင်းကို ပဲန်အင်တာနေရှင် ဒါရိုက်တာ ဆရာမ မသီတာ(စမ်းချောင်း)က ပြောကြားခဲ့ပြီး ပြည်ကြီးခင်မှ Area Manager ဦးသိန်းထိုက်ဦးက သတင်းအချက်အလက်ရပိုင်ခွင့်အကြောင်းမိတ်ဆက်၍ အခြေခံသဘောတရားများကို ဆက်လက်ရှင်းလင်းပြောကြားခဲ့သည်။

ပဲန်မြန်မာအဖွဲ့ဝင် ဆရာမ မသီတာ(စမ်းချောင်း)က လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ညွှန်းကိန်းများအကြောင်း ရှင်းလင်းပြောကြားစဉ်
ပြည်ကြီးခင်မှ Area Manager ဦးသိန်းထိုက်ဦး

ပြည်ကြီးခင်မှ Training Officer ဦးဇော်ထွန်းက သတင်းအချက်အလက်ရပိုင်ခွင့်ဆိုင်ရာ သမိုင်းကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး ပြည်ကြီးခင်၏ Program Assistant ဖြစ်သူ ဒေါ်ဇူဇူကျော်စိန်ဝင်းက သတင်းအချက်အလက်ရပိုင်ခွင့်ဆိုင်ရာ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။

ပြည်ကြီးခင်၏ Training Officer ဦးဇော်ထွန်း
ပြည်ကြီးခင်မှ Program Assistant ဒေါ်ဇူဇူကျော်စိန်ဝင်း

ယင်းနောက် ပြည်ကြီးခင်မှ Area Manager ဦးသိန်းထိုက်ဦးက သတင်းအချက်အလက်ရပိုင်ခွင့်ဆိုင်ရာ ဥပဒေ၏ အဓိကအစိတ်အပိုင်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများက ပြန်လည်မေးမြန်းဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

တက်ရောက်လာကြသူများ
တက်ရောက်လာကြသူများ
တက်ရောက်လာကြသူများ
ပြန်လည်ဆွေးနွေးနေသည့် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်တစ်ဦး

ပြန်လည်ဆွေးနွေးနေသူတစ်ဦး
ပြန်လည်ဆွေးနွေးနေသူတစ်ဦး
ပြန်လည်ဆွေးနွေးနေသူတစ်ဦး

လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက်ရပိုင်ခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင်များ၊ ရုံးဝန်ထမ်းများ၊ သင်တန်းသားများ၊ အစိုးရအရာရှိများ၊ သတင်းမီဒီယာလောကမှ ပုဂ္ဂိုလ်များနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်၍ ဆွေးနွေးခဲ့ကြသည်။

Leave comment

Your email address will not be published. Required fields are marked with *.