ဝတ္ထုတိုတစ်ပုဒ်ပန်တီးခြင်း ခေါင်းစဉ်ဖြင့် ဖန်တီးရေးသားခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည်

ဖန်တီးရေးသားခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ

ဝတ္ထုတိုတစ်ပုဒ်ပန်တီးခြင်


ဝတ္ထုတိုတစ်ပုဒ်ဖန်တီးခြင်း” ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲ တစ်ခုကို ၂၀၁၉ခုနှစ် မတ်လ ၁၆ရက်နေ့တွင် ပဲန်မြန်မာစင်တာ၌ ကျင်းပမည်ဖြစ်သည်။ အဆိုပါဆွေးနွေးပွဲကို စာရေးဆရာမ ရာသက်ပန်(တောင်ငူဆောင်) တင်သွင်းခဲ့သော “ညီပုလေး၏ ‘ရတနာပုံ ရွှေမန္တလေးဝတ္ထု’ကို ခွဲခြမ်းစိတ်ဖြာခြင်း” ဟူသော စာတမ်းကို အခြေခံ၍ ဆရာမ ရာသက်ပန်(တောင်ငူဆောင်)က ဦးဆောင်ဆွေးနွေးမည်ဖြစ်သည်။

နေ့ရက် – ၁၆.၃.၂၀၁၉ (စနေနေ့)
အချိန် – မွန်းလွဲ ၁နာရီမှ ညနေ ၅နာရီအထိ
နေရာ – ပဲန်မြန်မာစင်တာ
အမှတ် (၇၁)၊ ၄လွှာ၊ ရန်ကုန်လပ်ကီး ကွန်ဒို၊ မြေနီကုန်းစျေးလမ်း၊ စမ်းချောင်းမြို့နယ်။
Registration fees – အခမဲ့ (အဖွဲ့ဝင်များအတွက်)
၆၀၀၀ ကျပ် (အဖွဲ့ဝင် မဟုတ်သူများအတွက်)

Registration link
https://goo.gl/forms/SrvB2JGYUW9zg5vk1

နေရာအခက်အခဲရှိပါသဖြင့်် လူဦးရေ ၂ဝဦးသာ လက်ခံနိုင်မည်ဖြစ်ပါသည်။ ဦးရာလူစနစ်ဖြစ်သောကြောင့် အချိန်မီစာရင်းပေးသွင်းရန် လိုအပ်ပါသည်။ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခွင့်ရသူများကို ပြန်လည်အကြောင်းကြားပေးပါမည်။

ဆရာမ ရာသက်ပန်(တောင်ငူဆောင်)

ရာသက်ပန်(တောင်ငူဆောင်)၏ ကိုယ်ရေးအကျဉ်း
• အမည်ရင်း – ဒေါက်တာဇင်မာသန်း။
• ၁၉၆၇ခုနှစ် မေလ ၂၈ရက်နေ့တွင် မွေးဖွားခဲ့။
• လစဉ်ထုတ်မဂ္ဂဇင်းများတွင် ဝတ္ထုတို၊ အက်ဆေး၊ ဆောင်းပါးများကို ၁၉၈၉ခုနှစ်မှ စတင်၍ ရေးသားခဲ့။
• ၁၉၉၄ခုနှစ်တွင် “လမင်းဆီ ခရီးသွားခြင်းနှင့် အခြားဝတ္ထုတိုများ” စာအုပ်ကို ထုတ်ဝေခဲ့။
• ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလတွင် “မြန်မာဝတ္ထုတိုလမ်းကြောင်း (ဝတ္ထုတို ခံစားမှု၊ အယူအဆများနှင့် သုံးသပ်ချက်များ)” စာအုပ်ကို ထုတ်ဝေခဲ့။
• အခြားစာရေးဆရာများနှင့် ပူးတွဲရေးသားထားသော အက်ဆေး (၁၀၀)နှင့် ဝတ္ထုတိုပေါင်းချုပ်စာအုပ်များလည်း ထုတ်ဝေခဲ့။
• ၂၀၁၃ခုနှစ် အောက်တိုဘာလ ၂၄ရက်နေ့တွင် ကျင်းပသော မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ (၁၃)ကြိမ်မြောက် သုတေသနစာတမ်းဖတ်ပွဲတွင် “ညီပုလေး၏ ‘ရတနာပုံ ရွှေမန္တလေးဝတ္ထု’ကို ခွဲခြမ်းစိတ်ဖြာခြင်း” စာတမ်းဖြင့် အကောင်းဆုံးသုတေသနစာတမ်းဆု ရရှိခဲ့။
• မကွေးတက္ကသိုလ် မြန်မာစာဌာနတွင် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိ။

 

 

 

ပဲန်မြန်မာစင်တာ

 

Leave comment

Your email address will not be published. Required fields are marked with *.