လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (အရပ်ဘက်အဖွဲ့အစည်း) – ကယားပြည်နယ်၊ လွိုင်ကော်မြို့။

အရပ်ဘက်အဖွဲ့အစည်း – ကယားပြည်နယ်၊ လွိုင်ကော်မြို့။

ပဲန်မြန်မာ၏ အဓိကလုပ်ဆောင်မှုတစ်ခုဖြစ်သော လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ကယားပြည်နယ် အရပ်ဘက်အဖွဲ့အစည်းများနှင့်အတူ ၂၀၁၉ ခုနှစ် ဧပြီလ ၃ ရက် မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီအထိ လွိုင်ကော်မြို့ရှိ Famous Hotel တွင် ပြုလုပ်ခဲ့ပါသည်။ ပဲန်မြန်မာအဖွဲ့ဝင်များ ဖြစ်ကြသည့် ဆရာ မျိုးမြင့်ညိမ်း၊ စာရေးဆရာမ မိချမ်းဝေ၊ စာရေးဆရာမ မသီတာ(စမ်းချောင်း)၊ စာရေးဆရာမ စုမီအောင်၊ စာရေးဆရာ သူရဿဝါ၊ စာရေးဆရာမ ထက်မြတ်နိုင်ဇင်၊ ကဗျာဆရာ တည်မှီတို့နှင့်အတူ ကယားပြည်နယ်ရှိ အရပ်ဘက်အဖွဲ့အစည်းများ တာဝန်ရှိသူများ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။ ပထမဦးစွာ အခမ်းအနားမှူး စာရေးဆရာမ ထက်မြတ်နိုင်ဇင်က ပဲန်မြန်မာအကြောင်း မိတ်ဆက်ပြောကြားရန် စာရေးဆရာမ စုမီအောင်ကို ဖိတ်ခေါ်ခဲ့ပြီး ဆရာမ စုမီအောင်က ဓာတ်ပုံမှတ်တမ်းမှတ်ရာများနှင့်တကွ ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ဆရာ မျိုးမြင့်ညိမ်းက လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အခြေခံသဘောတရားများနှင့် လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်အကြောင်းများကို ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် စာရေးဆရာမ မသီတာ(စမ်းချောင်း)က လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ညွှန်းကိန်းများ အကြောင်း၊ သတင်းအချက်အလက်ရပိုင်ခွင့်အကြောင်းများကို ဆွေးနွေးပြောကြားခဲ့ပြီး အဖွဲ့ ၃ ဖွဲ့ခွဲကာ ညွှန်းကိန်း ၃ ခုကို ၀ိုင်းဖွဲ့ဆွေးနွေးခဲ့ပါသည်။ အဖွဲ့ ၃ ဖွဲ့၏ ဦးဆောင်သူတစ်ဦးချင်းက မိမိတို့အဖွဲ့၏ အကြုံပြုချက်များကို ပြန်လည်ပြောကြားဆွေးနွေးခဲ့ပါသည်။

တက်ရောက်လာသူများ လက်မှတ်ရေးထိုးနေစဉ်
ပဲန်မြန်မာအကြောင်း မိတ်ဆက်ပြောကြားနေသည့် ဆရာမ စုမီအောင်
ဆရာ မျိုးမြင့်ညိမ်းက လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အခြေခံသဘောတရားများအကြောင်း ဆွေးနွေးစဉ်
ဆရာမ မသီတာ(စမ်းချောင်း)က လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ညွှန်းကိန်းများ အကြောင်း၊ သတင်းအချက်အလက်ရပိုင်ခွင့်အကြောင်းများကို ဆွေးနွေးစဉ်
အဖွဲ့လိုက်ဆွေးနွေးကြစဉ်
အဖွဲ့လိုက်ဆွေးနွေးကြစဉ်

Leave comment

Your email address will not be published. Required fields are marked with *.