လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ

လွှတ်တော် – ကယားပြည်နယ်၊ လွိုင်ကော်မြို့။

လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ၂၀၁၉ ခုနှစ် ဧပြီလ ၄ ရက် မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီအထိ ကယားပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမတွင် ပဲန်မြန်မာက ကယားပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားမှူးအဖြစ် စာရေးဆရာမ ထက်မြတ်နိုင်ဇင်က ပြုလုပ်ခဲ့ကာ ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက အမှတ်တရစကားပြောကြားခဲ့ပြီး ပဲန်မြန်မာဒါရိုက်တာအဖွဲ့ဝင် စာရေးဆရာမ စုမီအောင်က တက်ရောက်လာသူများအား ပဲန်မြန်မာအကြောင်း မိတ်ဆက်ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီးနောက် ပဲန်မြန်မာဥက္ကဋ္ဌ ဆရာ မျိုးမြင့်ညိမ်းက လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့် အခြေခံသဘောတရားများအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပဲန်အင်တာနေရှင်နယ်ဒါရိုက်တာအဖွဲ့ဝင် ဆရာမ မသီတာ(စမ်းချောင်း)က လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာညွန်းကိန်းများနှင့် သတင်းအချက်အလက်ရပိုင်ခွင့်ဥပဒေအကြောင်း အကျဉ်းချုပ်တို့ကို ပြောဆိုဆွေးနွေးခဲ့ကြပါသည်။ ပဲန်မြန်မာအဖွဲ့ဝင်များ၏ ဆွေးနွေးပြောကြားမှုအပြီးမှာ တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များကလည်း အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေး
ပဲန်မြန်မာအကြောင်း မိတ်ဆက်ပြောကြားနေသည့် ဆရာမ စုမီအောင်
တက်ရောက်လာကြသူများ
လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်အကြောင်း ဆွေးနွေးပြောကြားနေသည့် ဆရာ မျိုးမြင့်ညိမ်း
လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ညွန်းကိန်းများအကြောင်း ဆွေးနွေးနေသည့် ဆရာမ မသီတာ(စမ်းချောင်း)
ပြန်လည်ဆွေးနွေးနေသည့် လွှတ်တော်ကိုယ်စားလှယ်
ပြန်လည်ဆွေးနွေးနေသည့် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်

Leave comment

Your email address will not be published. Required fields are marked with *.