၁၁၄ကြိမ်မြောက် ရသအစုန်အဆန် ရေးသူဖတ်သူစုန်ဆန်ပွဲ

၁၁၄ ကြိမ်မြောက် ရသအစုန်အဆန်ရေးသူဖတ်သူစုန်ဆန်ပွဲကို ၂၀၁၉ ခုနှစ် ဧပြီလ ၄ ရက် မနက် ၉ နာရီအချိန်က ကယားပြည်နယ် လွိုင်ကော်မြို့ရှိ အ.ထ.က(၁) လွိုင်ကော်ကျောင်း ပညာရေးခန်းမမှာ ပြုလုပ်ခဲ့ပါသည်။ ပဲန်မြန်မာ ဥက္ကဋ္ဌ ဆရာ မျိုးမြင့်ညိမ်းက ပဲန်မြန်မာအကြောင်း မိတ်ဆက်ပြောကြားပြီး အခမ်းအနားမှူးအဖြစ် ပဲန်မြန်မာ ဒါရိိုက်တာအဖွဲ့ဝင် ဆရာမ စုမီအောင်က လုပ်ဆောင်ခဲ့ပါသည်။ ဆက်လက်ပြီး ပထမဆုံး ရသစုန်ဆန်သူကတော့ စာရေးဆရာမ ထက်မြတ်နိုင်ဇင် ဖြစ်ပါသည်။ ဆရာမ ထက်မြတ်နိုင်ဇင်က ကျွန်တော့်ကို အမေ သတ်ခဲ့တယ် ဝတ္ထုတိုကို ဖတ်ကြားစုန်ဆန်ခဲ့ပါသည်။ ဆရာမ ထက်မြတ်နိုင်ဇင်၏ ဝတ္ထုကို ဆရာ ခန့်ကျော်ထင်လှိုင်(လွိုင်ကော်) ရသမြောက်ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး အရေးအသားကောင်းမွန်ပြီး လက်တွေ့ဘဝနဲ့ ကိုက်ညီပါကြောင်း မှတ်ချက်ပြု ပြောကြားသွားသကဲ့သို့ တက်ရောက်လာသူများထဲက မအေးအေးနွယ်ကလည်း သားသမီးတွေသာမက မိဘတွေကိုပါ အသိပညာဖြန့်ဝေဖို့လိုကြောင်း ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ကဗျာဆရာ တည်မှီက ကဗျာတစ်ပုဒ်ကို ကိုယ်တိုင်ဂီတနဲ့တွဲဖက်ကာ ရွတ်ဆိုခဲ့ပါသည်။ ကဗျာဆရာ တည်မှီရဲ့ ဂီတကဗျာပေါင်းစပ်ရွတ်ဆိုမှုကို တက်ရောက်လာသူများက ခံစားရမှုများကို ပြန်လည်စုန်ဆန်ခဲ့ပါသည်။ ဆက်လက်ပြီး စာရေးဆရာမ မသီတာ(စမ်းချောင်း)က ကိုယ်တိုင်ရေးသရော်စာ လူမိုက်ကြီးနဲဲ့ ဒီမိုကရေစီ ကို ဖတ်ကြားခဲ့ပါသည်။ တက်ရောက်လာသူများက သရော်စာကို မိမိတို့ခံစားရသလို ပြန်လည်စုန်ဆန်မှုများ ပြုလုပ်ခဲ့ကြပါသည်။ ဆရာမ မသီတာ(စမ်းချောင်း)၏ သရော်စာကို နားထောင်ပြီးနောက် လွိုင်ကော်မြို့ခံ စာရေးဆရာ စိုးညွန့်ဝေ(လွိုင်ကော်)က ကျွန်တော်ဟာ ကျီးကန်းတစ်ကောင် ဖြစ်ခဲ့တယ် ဆိုတဲ့ ကိုယ်တိုင်ရေးဖွဲ့ထားသည့် ကဗျာကို ရွတ်ဆိုခဲ့ပါသည်။ စာရေးဆရာ ပါစကယ်ခူးသွယ်ကလည်း အမှတ်တရစကားနှင့် သူ၏အတွေ့အကြုံများကို ပြန်လည်မျှဝေဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် စာရေးဆရာမ မိချမ်းဝေက တိုးညင်းသော အော်သံနှင့် အကျယ်လွင့်ဆုံး ကြေကွဲမှု ကဗျာကို ကဗျာဆရာ တည်မှီ၏ ဂီတ၊ ဆရာမ စုမီအောင်၏ တင်ဆက်မှုအနုပညာတို့ဖြင့် ပူးပေါင်းတင်ဆက်ခဲ့ရာ ပွဲရှိသူများအားလုံး မျက်ရည်ဝဲကာ နှစ်နှစ်ကာကာ ခံစားခဲ့ရပါသည်။ Stand-up Comedian စာရေးဆရာ သူရဿဝါက လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေ၊ အကြောင်းအရာများကို ဟာသစွက်ကာ ရယ်စရာများဖြင့် ပြောပြခဲ့ရာ တက်ရောက်လာသူများ တဝါးဝါး တဟားဟား ပွဲကျစေခဲ့ပါသည်။ အဆုံးမှာတော့ စာရေးဆရာမ စုမီအောင်က ကဗျာဆရာ တည်မှီ၏ ဂီတပံ့ပိုးမှုနှင့်အတူ တင်ဆက်မှုအနုပညာတစ်ခုကို ပုံဖော်တင်ဆက်ခဲ့ရာ တက်ရောက်လာသူများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။

ပဲန်မြန်မာအကြောင်း မိတ်ဆက်ပြောကြားနေသည့် ဆရာ မျိုးမြင့်ညိမ်း
စာရေးဆရာမ ထက်မြတ်နိုင်ဇင်
ဆရာမ မသီတာ(စမ်းချောင်း)၊ ဆရာ ပါစကယ်ခူးသွယ်၊ ဆရာ ခန့်ကျော်ထင်လှိုင်(လွိုင်ကော်)
ကဗျာဆရာ တည်မှီ
ကဗျာဆရာ တည်မှီ၏ကဗျာကို ပြန်လည်စုန်ဆန်နေသည့် မမေဦးခင်
လူမိုက်ကြီးနဲ့ ဒီမိုကရေစီ ကို ရွတ်ဖတ်နေသည့် ဆရာမ မသီတာ(စမ်းချောင်း)
ဆရာ စိုးညွန့်ဝေ(လွိုင်ကော်)၏ ကဗျာရွတ်ဆိုဟန်
စာရေးဆရာ ပါစကယ်ခူးသွယ်၏ မျှဝေခြင်း
စာရေးဆရာမ မိချမ်းဝေ၏ တင်ဆက်ဟန်
Stand-up Comedian စာရေးဆရာ သူရဿဝါ၏ တင်ဆက်ဟန်
စာရေးဆရာမ စုမီအောင်၏ တင်ဆက်မှုအနုပညာ

Leave comment

Your email address will not be published. Required fields are marked with *.