PEN Myanmar ၏ ထုတ်ပြန်ကြေညာချက် (၁/၂၀၁၉)

PEN Myanmar ၏ ထုတ်ပြန်ကြေညာချက် (၁/၂၀၁၉) ၂ရက်၊ မေလ၊ ၂၀၁၉၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။
မြန်မာနိုင်ငံ၏ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့် အခြေအနေ အကဲဖြတ်ချက် ထုတ်ပြန်ခြင်း
၁။ နှစ်စဉ်နှစ်တိုင်း မေလ ၃ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံ၏ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့် အခြေအနေ အကဲဖြတ်ချက်ကို ပဲန်မြန်မာက မိတ်ဖက်အဖွဲ့အစည်းများနှင့် အတူပူးပေါင်းကာ ၂၀၁၆ခုနှစ်မှစတင်၍ ထုတ်ပြန်လျက်ရှိရာ ၂၀၁၉ ခုနှစ်အတွက် အကဲဖြတ်ချက်ကို ယနေ့ထုတ်ပြန်လိုက်သည်။
၂။ ယခုအကဲဖြတ်ချက်ကို ပဲန်မြန်မာနှင့်အတူ မိတ်ဖက်အဖွဲ့အစည်း ၁ရခုက လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာညွှန်းကိန်း ၆ခုအပေါ် လေ့လာဆန်းစစ်ကာ ပြုစုထားခြင်း ဖြစ်သည်။
၃။ ယခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ ဆောင်ပုဒ်မှာ “ဒီမိုကရေစီ အတွက် မီဒီယာ၊ လုပ်ကြံသတင်းခေတ် အတွင်း ရွေးကောက်ပွဲနှင့် စာနယ်ဇင်းပညာ” ဖြစ်သည်။
၄။ ယခုနှစ်တွင် ကျရောက်သော ၂၆ကြိမ်မြောက် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယူနက်စ်ကိုနှင့် အတူ အီသီယိုးပီးယားနိုင်ငံတို့က မေလ ၁ရက်နေ့မှ ၃ရက်နေ့အတွင်း အီသီယိုးပီးယားနိုင်ငံ အဒစ်(စ်)အဘာဘာမြို့တွင် ပူးတွဲကျင်းပလျက်ရှိသည်။
၅။ လတ်တလော တွေ့ရှိချက်များအရ ကမ္ဘာ့သတင်းမီဒီယာအခြေအနေကိုယ်တိုင်သည် နိုင်ငံရေးယှဉ်ပြိုင်မှုများ (ရွေးကောက်ပွဲများ) ပြင်းထန်လာသည်နှင့်အမျှ လုပ်ကြံသတင်းဖော်ပြမှုများကို အံတုယှဉ်ပြိုင်နေရသည့် အနေအထားတွင် ရှိနေပါသည်။ မြန်မာနိုင်ငံအတွက်လည်း ယင်းစိန်ခေါ်မှုမှာ ရင်ဆိုင်နေရဆဲဖြစ်သဖြင့် ပဲန်မြန်မာအနေနှင့် ယခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်ဆောင်ပုဒ်ကို သဘောတူယုံကြည်ပါသည်။
၆။ သို့ဖြစ်၍ ၂၀၁၉ခုနှစ် အကဲဖြတ်ချက်ကို ထုတ်ပြန်ခြင်းအားဖြင့် မကြာမီရောက်ရှိလာမည့် ၂၀၂ဝအထွေထွေရွေးကောက်ပွဲအတွက်ပါ လွတ်လပ်သောမီဒီယာ၏ အခန်းကဏ္ဍကို ကြိုဆိုသည်နှင့်အမျှ စိုးရိမ်ပူပန်မှုရှိကြောင်း ပဲန်မြန်မာက ထုတ်ပြန်အပ်ပါသည်။
ပဲန်မြန်မာစင်တာ
ပဲန်မြန်မာက ထုတ်ပြန်ခဲ့သော ၂၀၁၉ခုနှစ် မြန်မာနိုင်ငံ၏ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်အခြေအနေ အကဲဖြတ်ချက်ကို ရယူနိုင်ပါသည်။
ဗမာဘာသာဖြင့် ရယူလိုပါက – http://www.penmyanmar.org/wp-content/uploads/2019/05/PEN_2019-Scorecard-Myanmar.pdf
အင်္ဂလိပ်ဘာသာဖြင့် ရယူလိုပါက – http://www.penmyanmar.org/wp-content/uploads/2019/05/PEN_2019-Scorecard-English.pdf