“ယနေ့ခေတ်ကဗျာများကို ဖတ်ရှုခြင်း” ခေါင်းစဉ်ဖြင့် “ဖန်တီးရေးသားခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ကျင်းပမည်

ယနေ့ခေတ်ကဗျာများကို ဖတ်ရှုခြင်း” ခေါင်းစဉ်ဖြင့် “ဖန်တီးရေးသားခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” တစ်ခုကို ၂၀၁၉ခုနှစ် ဇွန်လ ၈ရက်နေ့တွင် ပဲန်မြန်မာစင်တာ၌ ကျင်းပမည်ဖြစ်သည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ကဗျာဆရာ မောင်ဒေးက ဦးဆောင်ဆွေးနွေးမည်ဖြစ်ပြီး တက်ရောက်မည့်သူများက ဆွေးနွေးပွဲသို့ မိမိတို့ နှစ်သက်ရာ ကဗျာတစ်ပုဒ် ယူဆောင်လာရမည်ဖြစ်သည်။


နေ့ရက် – ၈.၆.၂၀၁၉ (စနေနေ့)
အချိန် – မွန်းလွဲ ၁နာရီ မှ ညနေ ၅နာရီအထိ
နေရာ – ပဲန်မြန်မာစင်တာ
အမှတ် (၇၁)၊ ၄လွှာ၊ ရန်ကုန်လပ်ကီးကွန်ဒို၊ မြေနီကုန်းစျေးလမ်း၊ စမ်းချောင်းမြို့နယ်။
Registration fees – အခမဲ့ (အဖွဲ့ဝင်များအတွက်)
၆၀၀၀ ကျပ် (အဖွဲ့ဝင်မဟုတ်သူများအတွက်)
Registration link – https://forms.gle/VY6dEzwGPyLJk82k6


နေရာအခက်အခဲရှိပါသဖြင့် လူဦးရေ ၂ဝသာ လက်ခံနိုင်မည်ဖြစ်ပါသည်။ ဦးရာလူဖြစ်သောကြောင့် အချိန်မီစာရင်းပေးသွင်းရန် လိုအပ်ပါသည်။ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခွင့်ရရှိသူများကို ပြန်လည်အကြောင်းကြားပေးပါမည်။

ဆရာ မောင်ဒေး


မောင်ဒေးသည် ကဗျာ၊ ဘာသာပြန်ကဗျာနှင့် ဘာသာပြန်ဝတ္ထုတို့ကိုရေးသားသူဖြစ်ပြီး အမြင်ပိုင်း ဆိုင်ရာအနုပညာလက်ရာများကိုလည်း ဖန်တီးပြုလုပ်သူဖြစ်ပါသည်။ သူရေးသားခဲ့ သောပင်ကိုယ်ရေး ကဗျာစာအုပ်အချို့ မှာ အပျော်စီးပင်လယ် (၂ဝဝ၆)၊ ဘီလူးတို့၏မြေနုလွင်ပြင် (၂ဝ၁၂)၊ ကဗျာများ (၂ဝ၁၄) နှင့် အစိမ်းရောင်စာအုပ် (၂ဝ၁၆) တို့ဖြစ်ကာ ကဗျာအသစ်များနှင့်လက်ရွေးစင်ကဗျာများ စာအုပ်ကိုလည်း Black Swan စာပေမှလတ်တလောထွက်ရှိထားပါသည်။ ဘာသာပြန်ဝတ္ထုနှင့် ဘာသာပြန်ကဗျာစာအုပ်အမြောက်အမြားကိုလည်းရေးသားခဲ့ကာ သူ၏အင်္ဂလိပ်ဘာသာဖြင့် ရေးသား သောကဗျာများကို Shampoo၊ The Awl၊ Guernica၊ Asymptote၊ International Poetry Review အစရှိသော နိုင်ငံတကာမဂ္ဂဇင်းများတွင်ဖော်ပြခဲ့သည်။ သူ၏အမြင်ပိုင်းဆိုင်ရာအနုပညာလက်ရာများ ကို မြန်မာနိုင်ငံနှင့်နိုင်ငံတကာမှ ပြပွဲများတွင်ပြသခဲ့၊ ပြသလျက်ရှိပြီး၊ ယခုအခါတွင် ရန်ကုန်မြို့ ၌ နေထိုင်၍ ရပ်ရွာဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာ သုတေသနလုပ်ငန်းများ၊ စွမ်းရည်မြှင့်တင်မှုလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်လျက်ရှိပါသည်။

ပဲန်မြန်မာစင်တာ

Leave comment

Your email address will not be published. Required fields are marked with *.