ပဲန်မြန်မာအဖွဲ့ဝင်များသို့ အကြောင်းကြားခြင်း

နှစ်ပတ်လည်မဂ္ဂဇင်းအတွက် စာမူတောင်းခံခြင်း

ရက်စွဲ ။ ။ ၁၉၊ ဇွန်၊ ၂၀၁၉။

ပဲန်မြန်မာ၏ ပဥ္စမအကြိမ်မြောက် နှစ်ပတ်လည်ညီလာခံ (၂၀၁၈)တွင် ပဲန်မြန်မာအဖွဲ့ဝင်များစုပေါင်း၍ စာအုပ်ထုတ်ဝေရန်အတွက် စာပဒေသာမောင်လှထွေး (ရွှေတွံတေးဆရာတော်)က ငါးသိန်းကျပ်၊ ကော့မှူးဆရာတော်၊ ဆရာမ ရာသက်ပန်(တောင်ငူဆောင်)၊ ဆရာ ဦးဘုန်း (ဓာတု)နှင့် ဆရာ သထုံငယ်ငယ်တို့က တစ်သိန်းကျပ်စီ လှူဒါန်းခဲ့သည်။

၆.၆.၂၀၁၉ တွင် ပြုလုပ်ခဲ့သော ပဲန်မြန်မာ၏ ဒါရိုက်တာအဖွဲ့ဝင်နှင့် အမာခံအဖွဲ့ဝင်များ အစည်းအဝေးတွင် အဆိုပါ အလှူငွေဖြင့် ပဲန်မြန်မာ နှစ်ပတ်လည်မဂ္ဂဇင်းကို ပဲန်မြန်မာ၏ ဆဋ္ဌမအကြိမ်မြောက် နှစ်ပတ်လည်ညီလာခံ (၂၀၁၉)တွင် ထုတ်ဝေရန် ဆုံးဖြတ်သည်။ အယ်ဒီတာအဖွဲ့ဝင်များအဖြစ် ဆရာ မျိုးမြင့်ညိမ်း၊ ဆရာ စောဝေ၊ ဆရာမ မိချမ်းဝေ၊ ဆရာမ စုမီအောင် နှင့် ဆရာမ နန်းကြာဖြူ (ဘားအံ)တို့ကို တာဝန်ပေးခဲ့သည်။

နှစ်ပတ်လည်မဂ္ဂဇင်းတွင် ထည့်သွင်းဖော်ပြမည့် စာမူအမျိုးအစားများမှာ ကဗျာ၊ ဝတ္ထု၊ ဆောင်းပါး နှင့် အက်ဆေးတို့ဖြစ်သည်။

စာမူများပေးပို့ရာတွင်

  • စာမျက်နှာတစ်ဖက်တည်းသာ ရေးသားပါ။
  • ဝတ္ထု၊ ဆောင်းပါးနှင့် အက်ဆေးများအတွက် လက်ရေးစာမူဆိုလျှင် A4 စာမျက်နှာ ၆ မျက်နှာထက် မပိုစေရပါ။ ကွန်ပျူတာစာစီစာမူဆိုလျှင် A4 စာမျက်နှာတွင် ၁၄ပွိုင့်ဖြင့် ၄မျက်နှာထက် မပိုစေရပါ။
  • စာမူအမည်နှင့် ကလောင်အမည်ကို ထင်ရှားစွာ ဖော်ပြပါ။
  • ပုံနှိပ်မီဒီယာများတွင်သော်လည်းကောင်း၊ အွန်လိုင်းမီဒီယာများတွင်သော်လည်းကောင်း ဖော်ပြထားခြင်းမရှိသော စာမူဖြစ်ရပါမည်။
  • မိမိကိုယ်တိုင်ရေးသားကြောင်း ခံဝန်ချက်ပါရှိရန် လိုအပ်ပါသည်။
  • ဆက်သွယ်ရန် နေရပ်လိပ်စာအပြည့်အစုံ၊ ဖုန်းနံပါတ် ထည့်သွင်းဖော်ပြရန်လိုအပ်ပါသည်။

စာမူများကို ၃၁.၈.၂၀၁၉ နောက်ဆုံးထား၍ penmyanmarcenter@gmail.com သို့ email ပို့၍ဖြစ်စေ ပဲန်မြန်မာစင်တာရုံးခန်း (အမှတ် – ၇၁၊ ၄လွှာ၊ ရန်ကုန်လပ်ကီးကွန်ဒို၊ မြေနီကုန်းစျေးလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့)သို့ စာတိုက်မှဖြစ်စေ ပေးပို့နိုင်ပါသည်။ ရွေးချယ်ခံရသော စာမူရှင်များအနေဖြင့် မိမိတို့၏ သက်ဆိုင်ရာအဖွဲ့ဝင်အမျိုးအစားအလိုက် ၂၀၂ဝခုနှစ်မှစတင်၍ ၆လစာ အဖွဲ့ဝင်ကြေးကင်းလွတ်ခွင့် ရရှိမည်ဖြစ်သည်။

လေးစားစွာဖြင့်
ဒါရိုက်တာအဖွဲ့
ပဲန်မြန်မာစင်တာ

Leave comment

Your email address will not be published. Required fields are marked with *.