၁၁၈ ကြိမ်မြောက် ရသအစုန်အဆန် ရေးသူဖတ်သူစုန်ဆန်ပွဲ

ကရင်ပြည်နယ် မြဝတီမြို့ရှိ စာပေဝါသနာရှင်များနှင့် ပဲန်မြန်မာတို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် ၁၁၈ ကြိမ်မြောက် ရသအစုန်အဆန် ရေးသူဖတ်သူစုန်ဆန်ပွဲကို ၂၀၁၉ ခုနှစ် ဇွန်လ ၂၀ ရက် မွန်းလွဲ ၂ နာရီအချိန်က မြဝတီမြို့ သောင်ရင်းခန်းမတွင် ပြုလုပ်ခဲ့ပါသည်။ ပထမဦးစွာ ပဲန်မြန်မာအဖွဲ့ဝင် စာရေးဆရာမ မသီတာ(စမ်းချောင်း)က သတင်းအချက်အလက်ရပိုင်ခွင့်နှင့် ပတ်သက်ပြီး ဆွေးနွေးပြောကြားခဲ့ပါသည်။ တက်ရောက်လာကြသူများကလည်း သတင်းအချက်အလက်ရပိ်ုင်ခွင့်နှင့်ပတ်သက်ပြီး အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ပဲန်မြန်မာအဖွဲ့ဝင် စာရေးဆရာ/ဆရာမများဖြစ်ကြသည့် မသီတာ(စမ်းချောင်း)၊ မိချမ်းဝေ၊ စုမီအောင်၊ ဇင်အောင်ကျော်ထင်၊ နန်းကြာဖြူ(ဘားအံ)၊ မျိုးမြတ်လွင်နှင့် စောဝေတို့က ရသအစုန်အဆန်အစီအစဉ်ကို စတင်ခဲ့ကြပါသည်။ တက်ရောက်လာကြသည့် ကျောင်းသား/သူများ၊ မြဝတီမြို့ရှိ မြို့မိမြို့ဖများနှင့် စာပေဝါသနာရှင်များကလည်း မိမိတို့ သိလို၊ ဆွေးနွေးလိုသည်များကို ပြန်လည်ဆွေးနွေးစုန်ဆန်ခဲ့ကြပြီး ပဲန်မြန်မာအဖွဲ့ဝင် စာရေးဆရာ/ဆရာမများကလည်း ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပါသည်။

၁၁၈ ကြိမ်မြောက် ရသအစုန်အဆန် ရေးသူဖတ်သူစုန်ဆန်ပွဲ တက်ရောက်လာကြသူမျာ
သတင်းအချက်အလက်ရပိုင်ခွင့်အကြောင်း ဆွေးနွေးပြောကြားနေသည့် စာရေးဆရာမ မသီတာ(စမ်းချောင်း)
သတင်းအချက်အလက်ရပိုင်ခွင့်နှင့်ပတ်သက်ပြီး ပြန်လည်ဆွေးနွေးနေသည့် မြဝတီမြို့ ဒေသခံတစ်ဦး
သတင်းအချက်အလက်ရပိုင်ခွင့်နှင့်ပတ်သက်ပြီး ပြန်လည်ဆွေးနွေးနေသည့် မြဝတီမြို့ ဒေသခံတစ်ဦး
သတင်းအချက်အလက်ရပိုင်ခွင့်နှင့်ပတ်သက်ပြီး ပြန်လည်ဆွေးနွေးနေသည့် မြဝတီမြို့ ဒေသခံတစ်ဦး
သတင်းအချက်အလက်ရပိုင်ခွင့်နှင့်ပတ်သက်ပြီး ပြန်လည်ဆွေးနွေးနေသည့် မြဝတီမြို့ ဒေသခံတစ်ဦး
ရသအစုန်အဆန် အခမ်းအနားမှူး ကဗျာဆရာ စောဝေ
ဒေသခံများ၏ မေးမြန်းဆွေးနွေးချက်များကို ပြန်လည်ဖြေကြားနေသည့် စာရေးဆရာမ မသီတာ(စမ်းချောင်း)
ပြန်လည်ဆွေးနွေးသည့် ကျောင်းသူတစ်ဦး
ပြန်လည်ဆွေးနွေးသည့် ဒေသခံတစ်ဦး
ဒေသခံများ၏ မေးမြန်းဆွေးနွေးချက်များကို ပြန်လည်ဖြေကြားနေသည့် စာရေးဆရာမ မသီတာ(စမ်းချောင်း)
စာရေးဆရာ ဇင်အောင်ကျော်ထင် ကဗျာမရွတ်မီ မိတ်ဆက်စကားပြောကြားနေစဉ်။
ပြန်လည်ဆွေးနွေးနေသည့် ဒေသခံတစ်ဦး
ခေတ်တစ်ခုကရှင်ပြီး ကျုပ်တို့အားလုံး သေသွားကြရမှာ-ကဗျာကို ကဗျာဆရာ မျိုးမြတ်လွင်က ရွတ်ဆိုစဉ်
အရောင်ရင့်ရင့် အနီရဲရဲ- ကဗျာကို စာရေးဆရာ ဇင်အောင်ကျော်ထင်က ရွတ်ဆိုစဉ်
စာရေးဆရာမ မိချမ်းဝေက စာရေးဆရာ နတ်မှူး၏ ဝတ္ထုတစ်ပုဒ်ကို ဖတ်ကြားစဉ်
စာရေးဆရာမ နန်းကြာဖြူ(ဘားအံ)က ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်းမှာ ဖော်ပြခဲ့သည့် ဝတ္ထုတစ်ပုဒ်ကို ဖတ်ကြားစဉ်
စာရေးဆရာမ စုမီအောင်၏ တင်ဆက်မှုအနုပညာ
သုတေသနပညာရှင် ဒေါက်တာ စိုးကျော်
ရသအစုန်အဆန်ပွဲအကြောင်း မှတ်ချက်ပြုစကားပြောကြားနေသည့် ဆရာတော် ဦးဇောတိက
အမှတ်တရ
အမှတ်တရ

Leave comment

Your email address will not be published. Required fields are marked with *.