၁၁၉ ကြိမ်မြောက် ရသအစုန်အဆန်ရေးသူဖတ်သူ စုန်ဆန်ပွဲ

ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ Children’s Development Center နှင့် ပဲန်မြန်မာတို့ ပူးပေါင်းစီစဉ်သည့် ၁၁၉ ကြိမ်မြောက် ရသအစုန်အဆန် ရေးသူဖတ်သူစုန်ဆန်ပွဲကို ၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက် မွန်းလွဲ ၁ နာရီအချိန်က Children’s Development Center မှာ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားမှူး ကဗျာဆရာ စောဝေက Children’s Development Center မှ ကျောင်းအုပ်ဆရာကြီး မန်းရွှေနှင်းကို အမှတ်တရစကားပြောကြားရန် ဖိတ်ခေါ်ခဲ့ပါသည်။ ရသအစုန်အဆန် ရေးသူဖတ်သူစုန်ဆန်ပွဲ မစတင်မီ ပဲန်မြန်မာအဖွဲ့ဝင် စာရေးဆရာမ မသီတာ(စမ်းချောင်း)က သတင်းအချက်အလက်ရပိုင်ခွင့်နှင့်ပတ်သက်ပြီး ဆွေးနွေးပြောကြားခဲ့ပါသည်။ သတင်းအချက်အလက်ရပိုင်ခွင့်အကြောင်းကို တက်ရောက်လာသူများကလည်း အပြန်အလှန် ဆွေးနွေးခဲ့ပါသည်။ ထို့နောက် ပဲန်မြန်မာအဖွဲ့ဝင် စာရေးဆရာ/ဆရာမများဖြစ်ကြသည့် မသီတာ(စမ်းချောင်း)၊ မိချမ်းဝေ၊ စုမီအောင်၊ ဇင်အောင်ကျော်ထင်၊ နန်းကြာဖြူ(ဘားအံ)၊ မျိုးမြတ်လွင်နှင့် စောဝေတို့က ရသအစုန်အဆန်အစီအစဉ်ကို စတင်ခဲ့ကြပါသည်။ တက်ရောက်လာကြသည့် ကျောင်းသား/သူများ၊ အလုပ်သမားအဖွဲ့အစည်းမှ လူပုဂ္ဂိုလ်များနှင့် Children’s Development Center မှ ဆရာ/ဆရာမများက ပဲန်မြန်မာ၏ ရသအစုန်အဆန်ရေးသူဖတ်သူစုန်ဆန်ပွဲမှာ အပြန်အလှန် ပါဝင်ခဲ့ကြပါသည်။






















