နိုင်ငံရေးပါတီများနှင့် သတင်းအချက်အလက်ရပိုင်ခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ပဲန်မြန်မာနှင့်ပြည်ကြီးခင်တို့ ပူးပေါင်းပြုလုပ်သည့် သတင်းအချက်အလက်ရပိုင်ခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၆ ရက်က တော်ဝင်ဂါးဒင်းဟိုတယ်မှာ ပြုလုပ်ခဲ့ပါသည်။ ယင်းအလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ နိုင်ငံရေးပါတီများမှ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါသည်။ သတင်းအချက်အလက်ရပိုင်ခွင့်နှင့်ပတ်သက်သည့်အကြောင်းအရာများကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြပါသည်။


