မိုးကုတ်မြို့ ကျပ်ပြင်မြို့မရပ်ရှိ သဟာယစာကြည့်တိုက်နှင့် ပဲန်မြန်မာတို့ ပူးပေါင်းစီစဉ်သည့် ၁၂၁ ကြိမ်မြောက် ရသအစုန်အဆန်ရေးသူဖတ်သူစုန်ဆန်ပွဲကို သဟာယစာကြည့်တိုက်၏ မြို့မရတနာခန်းမတွင် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၀ ရက် မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီအထိ ပြုလုပ်ခဲ့ပါသည်။ ယင်းပွဲကို ပဲန်မြန်မာအဖွဲ့ဝင်များဖြစ်ကြသည့် မိချမ်းဝေ၊ ဟန်ဇော်၊ နွေမွန်(မန်း)၊ စုမီအောင်၊ ချောအိမာန်(မန္တလေး)၊ သူရဿဝါ၊ ထက်မြတ်နိုင်ဇင်၊ တည်မှှီ၊ ပျိုဇန်၊ ညိုအလင်္ကာနှင့် စောဝေတို့က အဓိက ဦးဆောင်ပြုလုပ်ခဲ့ပြီး သဟာယစာကြည့်တိုက်အဖွဲ့ဝင်များနှင့် မိုးကုတ်မြို့ စာပေချစ်သူများ ပူးပေါင်းပါဝင်ခဲ့ပါသည်။ ကဗျာ၊ ဝတ္ထု၊ ဆောင်းပါး၊ အက်ဆေး စသည်တို့ကို ဖတ်ကြားပြီး အပြန်အလှန်စုန်ဆန်ဆွေးနွေးခဲ့ကြပါသည်။ အထူးအစီအစဉ်တစ်ရပ်အနေနဲ့ လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း ဦးဆောင်သူ ဦးရဲလွင်အမှတ်တရကိုလည်း ကဗျာဆရာ စောဝေ၏ ဦးဆောင်မှုနှင့် ထည့်သွင်းပြုလုပ်ခဲ့ပါသည်။

သဟာယစာကြည့်တိုက် ဥက္ကဋ္ဌ ဦးမြင့်ဆွေက ၁၂၁ ကြိမ်မြောက် ရသအစုန်အဆန်ပြုလုပ်ဖြစ်ပုံနှင့်ပတ်သက်ပြီး အမှတ်တရစကားပြောကြားစဉ်။
သတင်းအချက်အလက်ရပိုင်ခွင့်အကြောင်းကို ပဲန်မြန်မာအတွင်းရေးမှူး ဆရာဟန်ဇော်နှင့် ပဲန်မြန်မာအဖွဲ့ဝင် ဆရာမ ညိုအလင်္ကာတို့ ဆွေးနွေးပြောကြားစဉ်
ထုတ်ချင်းပေါက်ရင်ခတ်သံ ဆိုသည့် ကဗျာကို ပဲန်မြန်မာဒါရိုက်တာအဖွဲ့ဝင် ဆရာမ မိချမ်းဝေနှင့်ပဲန်မြန်မာအဖွဲ့သားများ၏ ပူးပေါင်းတင်ဆက်ဟန်။
၁၂၁ ကြိမ်ြမောက် ရသအစုန်အဆန်ရေးသူဖတ်သူစုန်ဆန်ပွဲ တက်ရောက်လာကြသည့် မိုးကုတ်မြို့သူမြို့သားများ။
ဆရာမ မိချမ်းဝေ၏ ကဗျာကို ပြန်လည်ဆန်သည့် ကိုခန့်ကိုကို
ကဗျာဆရာ နေသူရက ယိုစီးကျနေသော ဆဲလ်များ ဆိုသည့် ကဗျာကို ရွတ်ဆိုစဉ်။
အဲဒီနိုင်ငံတော်ကြီးမှာ ငါ နေတယ် ကဗျာကို ရွတ်ဆိုနေသည့် ကဗျာဆရာမ စင်နော်ဝေ
သဟာယစာကြည့်တိုက်က ပဲန်မြန်မာအတွက် အမှတ်တရလက်ဆောင်ပေးအပ်စဉ်။

Leave comment

Your email address will not be published. Required fields are marked with *.