ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ပဲန်မြန်မာ၏ အဓိက လုပ်ဆောင်မှုတစ်ခုဖြစ်သော လွတ်လပ်စွာ ရေးသားထုတ်ဖော် ပြောဆိုခွင့်အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် Media Corner မှာ ၂၀၁၉ ခုနှစ် သြဂုတ်လ ၅ ရက် မွန်းလွဲ ၁ နာရီမှ ညနေ ၃ နာရီခွဲအထိ ပြုလုပ်ခဲ့ပါသည်။ ပဲန်မြန်မာအဖွဲ့ဝင် စာရေးဆရာ/ဆရာမများဖြစ်ကြသည့် ဆရာ မျိုးမြင့်ညိမ်း၊ ဆရာမ မသီတာ(စမ်းချောင်း)၊ ဆရာ ဟန်ဇော်နှင့်ဆရာစောဝေတို့နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၆၄ ဦး တက်ရောက်ခဲ့ကြပါသည်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်က အဖွင့်အမှတ်တရစကားပြောကြားခဲ့ပြီး ပဲန်မြန်မာဥက္ကဋ္ဌ ဆရာ မျိုးမြင့်ညိမ်းက အဖွင့်နှုတ်ခွန်းဆက်စကားနှင့်အတူ ပဲန်မြန်မာအကြောင်းကို မိတ်ဆက်ပြောကြားခဲ့ပါသည်။ ထို့နောက် ပဲန်မြန်မာအတွင်းရေးမှူး ဆရာဟန်ဇော်က လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်အကြောင်းကို မိတ်ဆက်ပြောကြားပြီး တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များက ပြန်လည်မေးမြန်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်ပြီး ပဲန်မြန်မာအဖွဲ့ဝင် ဆရာမ မသီတာ(စမ်းချောင်း)က လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ညွှန်းကိန်းများအကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များက အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်က အဖွင့် နှုတ်ခွန်းဆက်စကားပြောကြားစဉ်
ပဲန်မြန်မာဥက္ကဋ္ဌ ဆရာမျိုးမြင့်ညိမ်းက ပဲန်မြန်မာအကြောင်း မိတ်ဆက်ပြောကြားစဉ်
ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြန်လည်ဆွေးနွေးစဉ်

တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်များ

ပဲန်မြန်မာစင်တာ

Leave comment

Your email address will not be published. Required fields are marked with *.