လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက်ရပိုင်ခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ နေပြည်တော်တွင် ကျင်းပ

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ ပဲန်မြန်မာနှင့် ပြည်ကြီးခင်တို့ ပူးပေါင်းစီစဉ်သည့် လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့်သတင်းအချက်အလက်ရပိုင်ခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို နေပြည်တော်ရှိ ဝန်ကြီးဌာနများမှာ ဖိတ်ကြားထားသောအရာရှိများနှင့် ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၄ ရက်၊ မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ PARKROYAL ဟိုတယ်၊ Yadanar Ballroom မှာ ပြုလုပ်ခဲ့ပါသည်။ ပထမဦးစွာ တက်ရောက်လာသူများက တက်ရောက်ကြောင်း စာရင်းမှတ်တမ်းတင်ခြင်းအစီအစဉ်ကို ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌကိုယ်စား ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေးက အဖွင့်နှုတ်ခွန်း ဆက်စကားကို ပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခိုင်ခိုင်ဝင်းက Human Rights နှင့် Freedom of Expression အကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ပဲန်မြန်မာအတွင်းရေးမှူး ဆရာဟန်ဇော်က လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အခြေခံသဘောတရားများကို ဆွေးနွေးပြောကြားခဲ့ပါသည်။ ယင်းနောက် ပဲန်အင်တာနေရှင်နယ် ဒါရိုက်တာအဖွဲ့ဝင် ဆရာမ မသီတာ(စမ်းချောင်း)က လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ညွှန်းကိန်းများအကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသူများနှင့် အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ပြည်ကြီးခင်အဖွဲ့မှ ဆရာ သိန်းထိုက်ဦးနှင့် ဆရာမ နွယ်ဇင်ဝင်းတို့က သတင်းအချက်အလက်ရပိုင်ခွင့်အား မိတ်ဆက်ခြင်း၊ သတင်းအချက်အလက်ရပိုင်ခွင့်၏ အရေးကြီးမှုနှင့် ကမ္ဘာလုံးဆိုင်ရာ လုပ်ကိုင်ဆောင်ရွက်နေမှု အခြေအနေများ၊ အခြေခံယူဆချက်နှင့် အကျိုးကျေးဇူးများအကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့ပါသည်။ ယင်းသို့ ဆွေးနွေးပြီးသည့်နောက် တက်ရောက်လာသူများက အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်လေးက အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားစဉ်
ပဲန်မြန်မာအတွင်းရေးမှူး ဆရာဟန်ဇော်က လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်အကြောင်း ရှင်းလင်းပြောကြားစဉ်
ပြည်ကြီးခင်၏ အမှုဆောင်ဒါရိုက်တာ ဆရာမနွယ်ဇင်ဝင်းက သတင်းအချက်အလက်ရပိုင်ခွင့်အကြောင်း ရှင်းလင်းပြောကြားစဉ်
တက်ရောက်လာကြသူများ
တက်ရောက်လာကြသူများ

Leave comment

Your email address will not be published. Required fields are marked with *.