“လူ့အဖွဲ့အစည်းအတွက် ကဗျာ” ခေါင်းစဉ်ဖြင့် ဖန်တီးရေးသားခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည်

“လူ့အဖွဲ့အစည်းအတွက် ကဗျာ” ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲ တစ်ခုကို ၂၀၁၉ခုနှစ် သြဂုတ်လ ၃၁ရက်နေ့တွင် ပဲန်မြန်မာစင်တာ၌ ကျင်းပမည်ဖြစ်သည်။ အဆိုပါဆွေးနွေးပွဲကို စာရေးဆရာမောင်သာချိုက ဦးဆောင်ဆွေးနွေးမည်ဖြစ်သည်။

နေ့ရက် – ၃၁.၈.၂၀၁၉ (စနေနေ့)
အချိန် – မွန်းလွဲ ၁နာရီမှ ညနေ ၅နာရီအထိ
နေရာ – ပဲန်မြန်မာစင်တာ
အမှတ် (၇၁)၊ ၄လွှာ၊ ရန်ကုန်လပ်ကီး ကွန်ဒို၊ မြေနီကုန်းစျေးလမ်း၊ စမ်းချောင်းမြို့နယ်။
Registration fees – အခမဲ့ (အဖွဲ့ဝင်များအတွက်)
၆၀၀၀ ကျပ် (အဖွဲ့ဝင် မဟုတ်သူများအတွက်)
Registration link
https://forms.gle/tNELguQo6NkCK72e8


နေရာအခက်အခဲရှိပါသဖြင့်် လူဦးရေ ၂ဝဦးသာ လက်ခံနိုင်မည်ဖြစ်ပါသည်။ ဦးရာလူစနစ်ဖြစ်သောကြောင့် အချိန်မီစာရင်းပေးသွင်းရန် လိုအပ်ပါသည်။ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခွင့်ရသူများကို ပြန်လည်အကြောင်းကြားပေးပါမည်။

မောင်သာချို၏ ကိုယ်ရေးအကျဉ်း
• အမည်ရင်း – ဒေါက်တာညွန့်သောင်း။
• ဇာတိ – ကွမ်းခြံကုန်းမြို့၊ သုံးခွရွာ။
• ရန်ကုန်တက္ကသိုလ်မှ မြန်မာစာအထူးပြုဖြင့် ၀ိဇ္ဇာဘွဲ့၊ ၀ိဇ္ဇာ(ဂုဏ်ထူး)ဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့၊ ပါရဂူဘွဲ့များကို ရရှိခဲ့။
• မောင်သာချိုအမည်ဖြင့် စာအုပ် (၃၅)အုပ်၊ ဂျက်(ကွမ်းခြံကုန်း)အမည်ဖြင့် စာအုပ် (၃၀)အုပ် တို့ ထုတ်ဝေခဲ့။
• ရန်ကုန်တက္ကသိုလ်၊ ဒေသကောလိပ် ၂၊ လုပ်သားများကောလိပ်၊ နိုင်ငံခြားဘာသာတက္ကသိုလ်၊ မိတ္ထီလာတက္ကသိုလ်၊ ဟင်္သာတတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်၊ တောင်ကုတ်ဒီကရီကောလိပ်တို့တွင် ပါမောက္ခ (ဌာနမှူး)ရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့။
• ၂၀၀၉ခုနှစ် ထွန်းဖောင်ဒေးရှင်းစာပေဆုကို “သမီးဖတ်ဖို့” စာအုပ်ဖြင့် ရရှိခဲ့။ ထိုစာအုပ်ကို အကြိမ် (၃၀)နီးပါး ရိုက်နှိပ်ထုတ်ဝေခဲ့ပြီးဖြစ်။
• ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ သြစတြေးလျနိုင်ငံများသို့ စာပေခရီးသွားရောက်ခဲ့။
• 7 Day ဂျာနယ်နှင့် သတင်းစာတို့တွင် ပင်တိုင်စာရေးသူအဖြစ် ရေးသားလျက်ရှိ။

ပဲန်မြန်မာစင်တာ

Leave comment

Your email address will not be published. Required fields are marked with *.