လူ့အဖွဲ့အစည်းအတွက် ကဗျာ ခေါင်းစဉ်ဖြင့် ဖန်တီးရေးသားခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ပဲန်မြန်မာ၏ စီစဉ်မှုဖြင့် စာရေးဆရာ မောင်သာချို၏ ဦးဆောင်ဆွေးနွေးမှုနှင့်အတူ ဖန်တီးရေးသားခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ၂၀၁၉ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပဲန်မြန်မာစင်တာရုံးခန်းမှာ ပြုလုပ်ခဲ့ပါသည်။ လူ့အဖွဲ့အစည်းအတွက် ကဗျာ ဟု စာရေးဆရာ မောင်သာချိုက ခေါင်းစဉ်ပေးထားပြီး ကဗျာ ၉ ပုဒ်ကို အဓိကထားပြီး ကဗျာနှင့်ပတ်သက်သည်များကို ဆွေးနွေးခဲ့ပါသည်။ စာရေးဆရာ မောင်သာချို၏ ဆွေးနွေးမှုများကို ကဗျာဆရာ အောင်ဇင်မင်းက ပြန်လည်ဆွေးနွေးခဲ့ပါသည်။ ထို့နောက် ကဗျာဆရာ အောင်ဇင်မင်းက ကဗျာနှင့်ပတ်သက်ပြီး ဆက်လက်မျှဝေဆွေးနွေးပြောကြားခဲ့ပါသေးသည်။

Leave comment

Your email address will not be published. Required fields are marked with *.