၁၂၇ ကြိမ်မြောက် ရသအစုန်အဆန် ရေးသူဖတ်သူ စုန်ဆန်ပွဲ

ပဲန်မြန်မာ၏ ၁၂၇ ကြိမ်မြောက် ရသအစုန်အဆန် ရေးသူဖတ်သူ စုန်ဆန်ပွဲကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၈ ရက် မွန်းလွဲ ၁ နာရီအချိန်က ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပင်းဘောဒေသရှိ နမ္မနအထကခွဲကျောင်းမှာ ပြုလုပ်ခဲ့ပါသည်။ ယင်းပွဲတွင် ပဲန်မြန်မာအဖွဲ့ဝင်စာရေးဆရာ/ဆရာမများ ဖြစ်ကြသည့် ဆရာ မျိုးမြင့်ညိမ်း၊ ဆရာမ မသီတာ(စမ်းချောင်း)၊ ဆရာမ စုမီအောင်၊ ဆရာ စောဝေ၊ ဆရာ သထုံငယ်ငယ်၊ ဆရာ သူရဿဝါ၊ ဆရာမ Jasmine နှင့် ဆရာမ နန်းကြာဖြူ(ဘားအံ)တို့က ဦးဆောင်ဆွေးနွေးစုန်ဆန်ခဲ့ကြပါသည်။ ပထမဦးစွာ ဆရာ မျိုးမြင့်ညိမ်းက ပဲန်မြန်မာအကြောင်းနှင့် အဖွင့်နှုတ်ခွန်းဆက်စကားကို ပြောကြားခဲ့ပြီး အခမ်းအနားမှူးအဖြစ် ဆရာမ နန်းကြာဖြူ(ဘားအံ)က ဆောင်ရွက်ခဲ့ပါသည်။ တက်ရောက်လာကြသည့် ကျောင်းသူကျောင်းသားများ၊ ပင်းဘောဒေသခံများနှင့် ပဲန်မြန်မာအဖွဲ့ဝင်ဆရာ/ဆရာမများ အပြန်အလှန်စုန်ဆန်ဆွေးနွေးခဲ့ကြပါသည်။ ၁၂၇ ကြိမ်မြောက် ရသအစုန်အဆန်ရေးသူဖတ်သူစုန်ဆန်ပွဲမြင်ကွင်းများကို အောက်ပါဓာတ်ပုံမှတ်တမ်းများဖြင့် ဖော်ပြလိုက်ပါသည်။




