၁၂၈ကြိမ်မြောက် ရသအစုန်အဆန် ရေးသူဖတ်သူ စုန်ဆန်ပွဲ

ပဲန်မြန်မာ၏ ၁၂၈ ကြိမ်မြောက် ရသအစုန်အဆန်ရေးသူဖတ်သူစုန်ဆန်ပွဲနှင့် သတင်းအချက်အလက်ရပိုင်ခွင့်အကြောင်း ဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၉ ရက် မွန်းလွဲ ၁ နာရီအချိန်က ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ရှိ ပရဟိတအခမဲ့ပညာဒါနကျောင်း(အရှေ့ကျောင်း)မှာ ပြုလုပ်ခဲ့ပါသည်။ ပထမဦးစွာ အခမ်းအနားမှူးအဖြစ် ကဗျာဆရာမ Jasmine က ဆောင်ရွက်ခဲ့ပြီး ပဲန်မြန်မာဥက္ကဋ္ဌ ဆရာ မျိုးမြင့်ညိမ်းက ပဲန်မြန်မာအကြောင်း မိတ်ဆက်ပြောကြားခဲ့ပြီး လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်အကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပါသည်။ ထို့နောက် ကဗျာဆရာ စောဝေက စစ်နဲ့ပတ်သက်ပြီး ကဗျာတစ်ပုဒ်ကို ရွတ်ဆိုခဲ့ပါသည်။ ဆက်လက်ပြီး အခမ်းအနားမှူးက စာရေးဆရာမ မသီတာ(စမ်းချောင်း)ကို ဖိတ်ခေါ်ခဲ့ပြီး ဆရာမက သတင်းအချက်အလက်ရပိုင်ခွင့်နှင့်ပတ်သက်ပြီး အချက်အလက်၊ ဥပမာများဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်။ ယင်းနောက် ရသအစုန်အဆန်ရေးသူဖတ်သူစုန်ဆန်ပွဲအစီအစဉ်ကို ပြုလုပ်ခဲ့ရာ တက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူများက အပြန်အလှန်ပါဝင်စုန်ဆန်ခဲ့ကြပြီး ပဲန်မြန်မာက ဆရာ/ဆရာမများနှင့် အတူတူ ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲခဲ့ကြပါသည်။

Leave comment

Your email address will not be published. Required fields are marked with *.