၁၃၂ကြိမ်မြောက် ရသအစုန်အဆန် ရေးသူဖတ်သူ စုန်ဆန်ပွဲ

ပဲန်မြန်မာ၏ ၁၃၂ကြိမ်မြောက် ရသအစုန်အဆန် ရေးသူဖတ်သူ စုန်ဆန်ပွဲကို ၂၀၁၉ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့ ညနေ ၄နာရီမှ ည ၇နာရီအထိ မွန်ပြည်နယ် ရေးမြို့ရှိ အ.ထ.က (၁) တွင် ကျင်းပခဲ့သည်။ ပဲန်မြန်မာမှ မသီတာ (စမ်းချောင်း)၊ ဟန်ဇော်၊ မိချမ်းဝေ၊ စုမီအောင်၊ စောဝေ၊ သူရဿဝါ၊ ထက်မြတ်နိုင်ဇင်၊ တည်မှီ နှင့် ဂျက်စမင်းနှင့် ဒေသခံ ပဲန်မြန်မာအဖွဲ့ဝင်များဖြစ်ကြသော စုစုလှိုင်(ကံပေါက်)နှင့် ကျောက်စက်ရဲမွန်တို့က အထက (၁) ရေးမှ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမ များ၊ ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသားကျောင်းသူများနှင့် ရသများ စုန်ဆန်ခဲ့ကြသည်။




