၁၃၃ကြိမ်မြောက် ရသအစုန်အဆန် ရေးသူဖတ်သူ စုန်ဆန်ပွဲ

ပဲန်မြန်မာ၏ ၁၃၃ကြိမ်မြောက် ရသအစုန်အဆန် ရေးသူဖတ်သူ စုန်ဆန်ပွဲကို တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ကံပေါက်ကျေးရွာရှိ အထက ကံပေါက်တွင် ၂၀၁၉ခုနှစ် နိုဝင်ဘာလ ၃ရက်နေ့ နေ့လယ် ၁နာရီမှ ၄နာရီအထိ ကျင်းပခဲ့သည်။ ပဲန်မြန်မာမှ မသီတာ (စမ်းချောင်း)၊ ဟန်ဇော်၊ မိချမ်းဝေ၊ စုမီအောင်၊ စောဝေ၊ သူရဿဝါ၊ ထက်မြတ်နိုင်ဇင်၊ တည်မှီ နှင့် ဂျက်စမင်းနှင့် ဒေသခံ ပဲန်မြန်မာအဖွဲ့ဝင်ဖြစ်သော စုစုလှိုင်(ကံပေါက်)တို့ပါဝင်၍ ရသစုန်ဆန်ခဲ့ကြပြီး လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း အဖွဲ့ကလည်း ဂီတဖြင့် ပံ့ပိုးခဲ့သည်။




