လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (ဒုတိယအဆင့်) – တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်

လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (ဒုတိယအဆင့်)ကို တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်တွင် ၂၀၁၉ခုနှစ် နိုဝင်ဘာလ ၄ရက်နေ့ မနက် ၁၀နာရီမှ ညနေ ၄နာရီအထိ ကျင်းပခဲ့သည်။ ပဲန်မြန်မာမှ မသီတာ (စမ်းချောင်း)နှင့် ဟန်ဇော်တို့က လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်၊ စာနယ်ဇင်းလွတ်လပ်ခွင့်၊ အမုန်းစကားနှင့် အန္တရာယ်ရှိသော စကား နှင့် လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့် စပ်လျဉ်းသော ဥပဒေများအကြောင်းကို ဆွေးနွေးခဲ့သည်။ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌအပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၁၁ဦးနှင့် လွှတ်တော်ရုံးမှ ဝန်ထမ်းများ တက်ရောက်ဆွေးနွေးခဲ့သည်။

Leave comment

Your email address will not be published. Required fields are marked with *.