၁၃၄ကြိမ်မြောက် ရသအစုန်အဆန် ရေးသူဖတ်သူ စုန်ဆန်ပွဲ

ပဲန်မြန်မာ၏ ၁၃၄ကြိမ်မြောက် ရသအစုန်အဆန် ရေးသူဖတ်သူ စုန်ဆန်ပွဲ နှင့် သတင်းအချက်အလက်ရပိုင်ခွင့်ဥပဒေအကြောင်း ဆွေးနွေးပွဲကို အ.ထ.က ၁ မြိတ်တွင် ၂၀၁၉ခုနှစ် နိုဝင်ဘာလ ၈ရက်နေ့ နေ့လယ် ၁နာရီမှ ညနေ ၄နာရီအထိ ကျင်းပခဲ့သည်။ ပဲန်မြန်မာမှ မသီတာ (စမ်းချောင်း)၊ ဟန်ဇော်၊ မိချမ်းဝေ၊ စုမီအောင်၊ စောဝေ၊ သူရဿဝါ၊ ထက်မြတ်နိုင်ဇင်၊ တည်မှီ နှင့် ဂျက်စမင်းတို့က ဝတ္ထု၊ ကဗျာ၊ ရသစာတမ်း နှင့် အရေးအသားများဖြင့် ရသစုန်ဆန်ခဲ့ကြသည်။






