“ဘယ်သူ့ကဗျာမှ ကဗျာ” ခေါင်းစဉ်ဖြင့် ဖန်တီးရေးသားခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည်

“ဘယ်သူ့ကဗျာမှ ကဗျာ” ခေါင်းစဉ်ဖြင့် “ဖန်တီးရေးသားခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” တစ်ခုကို ၂၀၁၉ခုနှစ် နိုဝင်ဘာလ ၂၄ရက်နေ့တွင် ပဲန်မြန်မာစင်တာ၌ ကျင်းပမည်ဖြစ်သည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ကဗျာဆရာ မောင်ယုပိုင်က ဦးဆောင်ဆွေးနွေးမည်ဖြစ်သည်။

နေ့ရက် – ၂၄.၁၁.၂၀၁၉ (တနင်္ဂနွေနေ့)

အချိန် – မွန်းလွဲ ၁နာရီ မှ ညနေ ၅နာရီအထိ

နေရာ – ပဲန်မြန်မာစင်တာ

           အမှတ် (၇၁)၊ ၄လွှာ၊ ရန်ကုန်လပ်ကီးကွန်ဒို၊ မြေနီကုန်းစျေးလမ်း၊ စမ်းချောင်းမြို့နယ်။

Registration fees – အခမဲ့ (အဖွဲ့ဝင်များအတွက်)

                              ၆၀၀၀ ကျပ် (အဖွဲ့ဝင်မဟုတ်သူများအတွက်)

Registration link – https://forms.gle/KjHcNdv7Bxp2c3JS9

နေရာအခက်အခဲရှိပါသဖြင့် လူဦးရေ ၂ဝသာ လက်ခံနိုင်မည်ဖြစ်ပါသည်။ ဦးရာလူဖြစ်သောကြောင့် အချိန်မီစာရင်းပေးသွင်းရန် လိုအပ်ပါသည်။ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခွင့်ရရှိသူများကို ပြန်လည်အကြောင်းကြားပေးပါမည်။

မောင်ယုပိုင် ကိုယ်ရေးအကျဉ်း

ဖခင် ဒေါက်တာဦးမြင့်စိုး မိခင်ဒေါ်ရီရီမာ တို့မှ ၁၉၈၁ နိုဝင်ဘာ ၁၈ တွင် မြိတ်ဇာတိ၌ ဖွားမြင်။ မွေးချင်းလေးယောက်အနက် ဒုတိယမြောက် ။ အမည်ရင်း မောင်ယုပိုင်။ စတုတ္တတန်း၌ အာရှပစိဖိတ်ကလေးသူငယ်များတွေ့ဆုံပွဲ ဂျပန်နိုင်ငံ ဖူကာအိုကာမြို့သို့  တက်ရောက် ။ ၂ဝဝဝခုနှစ်တွင် ဆယ်တန်းအောင်၊ ၂၀၀၆ခုနှစ်တွင် ဥပဒေနှင့်ကျောင်းပြီး ။

 ၂ဝဝဝခုနှစ်တွင် `ကောင်းကင်မှောက်လို့သေတဲ့ငှက်´ကဗျာဖြင့် ရယ်စရာမဂ္ဂဇင်းတွင် ပထမဆုံးပုံနှိပ်မူအဖြစ် ဖေါ်ပြခံရ။
`အဲဒီကျွန်းမြို့လေးပေါ်မှာ မြေပုံအပြောင်းအလဲနဲ့´ (၂၀၀၇) ၊`တီဗွီဖန်သားပြင်ကြီးဖွင့်လျက်´(၂၀၀၉) ၊ စကားပြေကဗျာ (၂၀၁၃)၊ ပင်လယ်စာ (၂၀၁၄ ၊ မြိတ်သားလူငယ်ကဗျာဆရာသုံးဦးနှင့်အတူ )၊ Double Poetry Project ( ၂၀၁၅) ၊ လူငယ်ကဗျာဆရာ ၄၄ယောက်နှင့်အတူ နှစ်ယောက်တစ်ပုဒ်တွဲရေး) ၊ ဒရာမာ (၂၀၁၆) ၊ ကျွန်းမြို့မှတ်စု (၂၀၁၇) ၊ အခြားကျောင်းက ပြောင်းလာတဲ့တစ်ယောက် (၂၀၁၉) နှင့် စက်ရုပ်အက (၂၀၁၉) စာအုပ်များ ထွက်ရှိခဲ့ ။ 

၂၀၁၃တွင် ကိုကိုသက်နှင့် James Byrne တို့ အင်္ဂလိပ်ဘာသာသို့ ပြန်ဆို၍ ထုတ်ဝေသော “Bones Will Crow: 15 Contemporary Burmes Poets”  စာအုပ် ၊ ၂၀၁၂ တွင် ပြင်သစ်ဘာသာဖြင့် ထုတ်ဝေသော Poesie Birmane Contemporaine Anthologie စာအုပ်နှင့် ၂၀၁ရတွင် ထုတ်ဝေသော Burma Story book စာအုပ်တို့တွင် ပါရှိခဲ့ ။ ၂၀၁၅ တွင် အမေရိကန်နိုင်ငံ အိုင်အိုဝါမြို့တွင် ပြုလုပ်သည့် International Writting Program သို့တက်ရောက်ခဲ့ ။  လက်ရှိတွင် ဇနီးဖြစ်သူ အိဖြူနှင့် သားအမြွှာကလေးနှစ်ယောက်နှင့်အတူ ရန်ကုန်မြို့၌ နေထိုင်လျက်ရှိ။

ပဲန်မြန်မာစင်တာ

Leave comment

Your email address will not be published. Required fields are marked with *.