၁၃၇ကြိမ်မြောက် ရသအစုန်အဆန် ရေးသူဖတ်သူ စုန်ဆန်ပွဲ

ပဲန်မြန်မာ၏ ၁၃၇ ကြိမ်မြောက် ရသအစုန်အဆန် ရေးသူဖတ်သူစုန်ဆန်ပွဲကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၆ ရက်က ဖြူးမြို့ရှိ မိုးဟိန်းထက်ကိုယ်ပိုင်အထက်တန်းကျောင်းမှာ ပြုလုပ်ခဲ့ပါသည်။ ယင်းပွဲတွင် ပဲန်မြန်မာအဖွဲ့ဝင်များဖြစ်ကြသည့် ဆရာ မျိုးမြင့်ညိမ်း၊ ဆရာမ မိချမ်းဝေ၊ ဆရာ ဟန်ဆန်၊ ဆရာ သူရဿဝါ၊ ဆရာမ သက်ေ၀နှင်း(အောင်လံ)၊ ဆရာမ ဝသုန္ဓရေ၊ ဆရာမ ကြယ်ရီလင်းစစ်၊ ဆရာ စောဝေတို့နှင့်အတူ ဖြူးမြို့ရှိ စာရေးဆရာများ၊ ကဗျာဆရာများက ပူးပေါင်းပါဝင်ခဲ့ပါသည်။





