ဆဋ္ဌမအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေညီလာခံ

ပဲန်မြန်မာ၏ ဆဋ္ဌမအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေညီလာခံကို တော်ဝင်ဂါးဒင်းဟိုတယ်၌ ၂၀၁၉ခုနှစ် ဒီဇင်ဘာလ ၂၈ရက်နေ့ မနက် ၉နာရီမှ ညနေ ၄နာရီအထိ ကျင်းပခဲ့သည်။

အဆိုပါ ညီလာခံတွင် ဒါရိုက်တာအဖွဲ့ဝင်အသစ် ရွေးကောက်တင်မြှောက်ခြင်းကိုလည်း ပြုလုပ်ခဲ့သည်။ ပဲန်မြန်မာ၏ ဒါရိုက်တာအဖွဲ့ဝင်အသစ်ကို ဥက္ကဋ္ဌ ညီပုလေး၊ အတွင်းရေးမှူး မြေမှုန်လွင်၊ ဘဏ္ဍာရေးမှူး ဟန်ဇော်နှင့် ဒါရိုက်တာအဖွဲ့ဝင်များအဖြစ် စောဝေ၊ သီဟသွေး၊ ချောအိမာန် (မန္တလေး)၊ နန်းကြာဖြူ (ဘားအံ)၊ သူရဿဝါနှင့် မိချမ်းဝေတို့ဖြင့် ဖွဲ့စည်းခဲ့သည်။

ညီလာခံတွင် လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ထူးချွန်စွာကာကွယ်ခဲ့သူအဖြစ် ကိုပေါလုနှင့် မဆိုင်းနူးပန်တို့ကို ဂုဏ်ပြုဆုချီးမြှင့်ခဲ့သည်။ ထို့အပြင် ပဲန်မြန်မာ၏ထုတ်ပြန်ကြေညာချက် (၅/၂၀၁၉)ကိုလည်း ထုတ်ပြန်ခဲ့သည်။

ညီလာခံသို့ ပဲန်မြန်မာအဖွဲ့ဝင်များ၊ မီဒီယာမှ တာဝန်ရှိသူများ နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ဖိတ်ကြားထားသူများ (၉၀)ဦး ခန့်တက်ရောက်ခဲ့သည်။

Leave comment

Your email address will not be published. Required fields are marked with *.