၁၃၈ ကြိမ်မြောက် ရသအစုန်အဆန် ရေးသူဖတ်သူ စုန်ဆန်ပွဲနှင့် သတင်းအချက်အလက်ရပိုင်ခွင့်ဆိုင်ရာ ဥပဒေအကြောင်း ဆွေးနွေးပွဲ

ပဲန်မြန်မာ၏ ၁၃၈ ကြိမ်မြောက် ရသအစုန်အဆန် ရေးသူဖတ်သူ စုန်ဆန်ပွဲနှင့် သတင်းအချက်အလက်ရပိုင်ခွင့်ဆိုင်ရာ ဥပဒေအကြောင်း ဆွေးနွေးပွဲကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၇ ရက်က ဘားအံမြို့ရှိ ခွယ်ကဘောင်မိုတယ်မှာ ပြုလုပ်ခဲ့ပါသည်။ ပဲန်မြန်မာအဖွဲ့၀င်ဆရာ/ဆရာမများဖြစ်ကြသည့် မျိုးမြင့်ညိမ်း၊ ဟန်ဆန်း၊ စောဝေ၊ ရာသက်ပန်(တောင်ငူဆောင်)၊ သူရဿဝါ၊ Jasmine, တည်မှီနှင့် နန်းကြာဖြူ(ဘားအံ)တို့က ဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများက အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။ သတင်းအချက်အလက်ရပိုင်ခွင့်ဆိုင်ရာ ဉပဒေအကြောင်းကို ပဲန်မြန်မာအဖွဲ့ဝင်များ ဖြစ်ကြသည့် ဆရာ တည်မှီနှင့် ဆရာမ Jasmine တို့ကို ဉီးဆောင်ဆွေးနွေးခဲ့ပြီး ရသအစုန်အဆန် ရေးသူဖတ်သူ စုန်ဆန်ပွဲကို ဆက်လက်ပြုလုပ်ခဲ့ပါသည်။


















