လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ – ပဲခူးတိုင်းဒေသကြီးလွှတ်တော်

ပဲန်မြန်မာ၏ အဓိကလုပ်ဆောင်မှုတစ်ခုဖြစ်သော လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ(ဒုတိယအဆင့်)ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၃ ရက် မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီအထိ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ရှိ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ပါသည်။ ယင်းဆွေးနွေးပွဲတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ အဓိကအားဖြင့် လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့်စပ်လျဉ်းသည့် အခြေခံသဘောတရားများ၊ ညွှန်းကိန်းများ၊ နိုင်ငံတကာ စံချိန်စံညွှန်းများ၊ စာနယ်ဇင်းလွတ်လပ်ခွင့်၊ အမုန်းစကား၊ သတင်းအချက်အလက်ရပိုင်ခွင့်တို့စသည့် အကြောင်းအရာများကို ပဲန်မြန်မာမှ ဆရာ ဟန်ဇော်နှင့် ဆရာမ ဂျက်စ်မင်းတို့က ဦးဆောင်ဆွေးနွေးခဲ့ပြီး အပြန်အလှန် မေးမြန်းဆွေးနွေးပြောဆိုခဲ့ကြပါသည်။

ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်ရင်
အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားနေသော ဆရာမျိုးမြင့်ညိမ်း
လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့် အခြေခံသဘောတရားများကို ရှင်းလင်းပြောကြားနေသော ဆရာမ ဂျက်စ်မင်း
စာနယ်ဇင်းလွတ်လပ်ခွင့်ကို ရှင်းလင်းပြောကြားနေသော ဆရာဟန်ဇော်
တက်ရောက်လာသော ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ

Leave comment

Your email address will not be published. Required fields are marked with *.