၁၃၉ကြိမ်မြောက် ရသအစုန်အဆန် ရေးသူဖတ်သူစုန်ဆန်ပွဲ

ပဲန်မြန်မာ၏ ၁၃၉ ကြိမ်မြောက် ရသအစုန်အဆန် ရေးသူဖတ်သူစုန်ဆန်ပွဲကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်က ကယားပြည်နယ် လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်ရှိ Level Up Academy မှာ မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီအထိ ပြုလုပ်ခဲ့ပါသည်။ ပဲန်မြန်မာမှ ဆရာ မျိုးမြင့်ညိမ်း၊ ဆရာ ဟန်ဆန်း၊ ဆရာမ မိချမ်းဝေ၊ ဆရာမ ဖြူမွန်၊ ဆရာ ကိုအင်းဝ၊ ဆရာ သူရဿဝါ၊ ဆရာမ နန်းကြာဖြူ(ဘားအံ)တို့က ဦးဆောင်ပါဝင်ခဲ့ပြီး လွိုင်ကော်မြို့မှ စာရေးဆရာ စိုးညွှန့်ဝေ(လွိုင်ကော်)က ပူးပေါင်းပါဝင်ခဲ့ကြပြီး တက်ရောက်လာသူများကလည်း အပြန်အလှန် စုန်ဆန်ဆွေးနွေးခဲ့ကြပါသည်

အက်ဆေးတစ်ပုဒ်ရွတ်ဖတ်နေသည့် ဆရာဟန်ဆန်းနှင့် တက်ရောက်လာသူပရိတ်သတ်များ
ပြန်လည်စုန်ဆန်နေသည့် လွိုင်ကော်နည်းပညာတက္ကသိုလ်မှ မတင်ထက်ထက်လှိုင်
ကဗျာဆရာ ကိုအင်းဝ
ကဗျာဆရာမဖြူမွန်နှင့် ပူးပေါင်းဆောင်ရွက်နေသော ပရိတ်သတ်များ
လွိုင်ကော်မြို့မှ ဆရာ စိုးညွန့်ဝေ (လွိုင်ကော်)

Leave comment

Your email address will not be published. Required fields are marked with *.