လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ – ကယားပြည်နယ်လွှတ်တော်

ပဲန်မြန်မာ၏ အဓိကလုပ်ဆောင်မှုတစ်ခုဖြစ်သော လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ(ဒုတိယအဆင့်)ကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက် မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီအထိ ကယားပြည်နယ် လွှတ်တော်ရှိ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ပါသည်။ ယင်းဆွေးနွေးပွဲတွင် ပဲန်မြန်မာမှ ဖိတ်ကြားထားသော ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဘက်ဆိုင်ရာလူမှုအဖွဲ့အစည်းများမှ ကိုယ်စားပြုသူများ၊ ကျောင်းသားလူငယ်များ တက်ရောက်ခဲ့ကြပါသည်။ အဓိကအားဖြင့် လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့်စပ်လျဉ်းသည့် အခြေခံသဘောတရားများ၊ ညွှန်းကိန်းများ၊ နိုင်ငံတကာ စံချိန်စံညွှန်းများ၊ စာနယ်ဇင်းလွတ်လပ်ခွင့်၊ အမုန်းစကား၊ သတင်းအချက်အလက်ရပိုင်ခွင့်တို့စသည့် အကြောင်းအရာများကို ပဲန်မြန်မာမှ ဆရာ ဟန်ဇော်က ဦးဆောင်ဆွေးနွေးခဲ့ပြီး အပြန်အလှန် မေးမြန်းဆွေးနွေးပြောဆိုခဲ့ကြပါသည်။

ကယားပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးလှထွေး
ပဲန်မြန်မာမှ ဆရာမျိုးမြင့်ညိမ်း
လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်အကြောင်း ရှင်းလင်းပြောကြားနေသည့် ဆရာဟန်ဇော်
LAIN အဖွဲ့မှ ကိုကျော်ထင်အောင်က ပြန်လည်ဆွေးနွေးစဉ်

Leave comment

Your email address will not be published. Required fields are marked with *.