၁၄၀ကြိမ်မြောက် ရသအစုန်အဆန် ရေးသူဖတ်သူ စုန်ဆန်ပွဲ

ပဲန်မြန်မာ၏ ၁၄၀ ကြိမ်မြောက် ရသအစုန်အဆန် ရေးသူဖတ်သူစုန်ဆန်ပွဲကို ၂၀၂၀ ခုနှစ် မတ်လ ၂ ရက် မနက် ၁၀ နာရီအချိန်က မြေနီကုန်း ဗုဒ္ဓဂယာကျောင်းမှာ ပြုလုပ်ခဲ့ပါသည်။ ယင်းပွဲသည် ရွှေတွံတေးဆရာတော် အရှင်ဝါယမ၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ဆရာတော်ကိုယ်တိုင် ဖိတ်ကြားခြင်း ဖြစ်ပြီး လိုက်ပါခဲ့ကြသူများကလည်း မိမိအစီအစဉ်ဖြင့် မိမိ ကုသိုလ်ပြုပါဝင်ခဲ့ကြပါသည်။ ပဲန်မြန်မာမှ ပါဝင်ခဲ့ကြသည့် အဖွဲ့ဝင်များမှာ ဆရာမ မိချမ်းဝေ၊ ဆရာမ မသီတာ(စမ်းချောင်း)၊ ဆရာ သီဟသွေး၊ ဆရာ သူရဿဝါ၊ ဆရာမ သော်တာအေးလဲ့၊ ဆရာမ နှင်းသီရိကျက်သရေ၊ ဆရာမ ထက်မြတ်နိုင်ဇင်၊ ဆရာ တည်မှီနှင့် ဆရာမ ချာကိုးတို့ ဖြစ်ပါသည်။

အခမ်းအနားမှူး ဆရာ သူရဿဝါနှင့် တက်ရောက်လာသူများ
ဆရာမ မိချမ်းဝေ၏ ရသအစုန်
ဆရာ သီဟသွေး နှင့် ဆရာတော် အရှင်ဝါယမ
ဆရာမ မသီတာ (စမ်းချောင်း)
တက်ရောက်လာသူများ

Leave comment

Your email address will not be published. Required fields are marked with *.