နေပြည်တော်မှာ နှစ်ရက်တာ ပြုလုပ်ခဲ့သည့် လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက်ရပိုင်ခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ

ပဲန်မြန်မာအဖွဲ့၊ ပြည်ကြီးခင်အဖွဲ့နှင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်တို့ ပူးပေါင်းစီစဉ်သည့် လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက်ရပိုင်ခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၀ ခုနှစ် မတ်လ ၄ ရက်နှင့် ၅ ရက်များက နေပြည်တော်ရှိ PARK ROYAL Hotel မှာ ပြုလုပ်ခဲ့ပါသည်။ ယင်းပွဲကို ဖိတ်ကြားထားသည့် ဝန်ကြီးဌာနများမှ ကိုယ်စားပြုတက်ရောက်ကြသူများနှင့်အတူ ပဲန်မြန်မာအဖွဲ့၊ ပြည်ကြီးခင်းအဖွဲ့နှင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့် စပ်လျဉ်းသည့်အကြောင်းအရာများ၊ သတင်းအချက်အလက်ရပိုင်ခွင့်နှင့် စပ်လျဉ်းသည့်အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။ မတ်လ ၄ ရက်နေ့၌ဆွေးနွေးပွဲပထမနေ့ကို စတင်ပြုလုပ်ရာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ သန်းမြင့်က အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ ပဲန်မြန်မာဥက္ကဋ္ဌ စာရေးဆရာ ညီပုလေးက အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားခြင်းတို့ဖြင့် စတင်ခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခိုင်ခိုင်ဝင်းက Article 19 အကြောင်းကို ဆွေးနွေးပြောကြားခြင်း၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သီတာတင်က သတင်းအချက်အလက်ရပိုင်ခွင့်ဥပဒေ(မူကြမ်း)အကြောင်းကို ဆွေးနွေးပြောကြားခြင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒေါ်တင့်တင့်ဟန်က သတင်းအချက်အလက်ရပိုင်ခွင့်ဥပဒေ(မူကြမ်း)အကြောင်းကို ဆွေးနွေးပြောကြားခြင်းတို့ကို ပြုလုပ်ခဲ့ပြီး တက်ရောက်လာသူအားလုံးကို နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။ ဆက်လက်ပြီး ပဲန်မြန်မာအဖွဲ့မှ ဒါရိုက်တာအဖွဲ့ဝင် စာရေးဆရာ ဟန်ဇော်က စာနယ်ဇင်းလွတ်လပ်ခွင့်နှင့်ပတ်သက်ပြီး ဆွေးနွေးပြောကြားခြင်း၊ ပဲန်မြန်မာအဖွဲ့ဝင်လည်း ဖြစ်၊ ပဲန်အင်တာနေရှင်နယ် ဒါရိုက်တာအဖွဲ့ဝင်လည်းဖြစ်သည့် စာရေးဆရာမ မသီတာ(စမ်းချောင်း)က ပြည်သူလူထုဆက်ဆံရေးအကြောင်းကို ဆွေးနွေးပြောကြားခြင်းနှင့် ပြည်ကြီးခင်အဖွဲ့မှ ဆရာ သန့်လွင်ထူးက သတင်းအချက်အလက်ရပိုင်ခွင့်အကြောင်းတို့ကို ဆွေးနွေးပြောကြားပြီး ပထမနေ့ အစီအစဉ် ပြီးဆုံးခဲ့ပါသည်။ မတ်လ ၅ ရက် ဒုတိယနေ့အစီအစဉ်ကို စတင်ရာ ပဲန်မြန်မာအဖွဲ့မှ စာရေးဆရာ ဟန်ဇော်က ပထမနေ့က ဆွေးနွေးခဲ့သည်များကို အကျဉ်းချုပ်ပြန်လည်ပြောပြခဲ့ပြီး တက်ရောက်လာသူများက အပြန်အလှန်ဆွေးနွေးမေးမြန်းခဲ့ကြပါသည်။ တက်ရောက်လာသူများ၏ ဆွေးနွေးမေးမြန်းမှုများကို ပဲန်မြန်မာအဖွဲ့မှ ဆရာမ မသီတာ(စမ်းချောင်း)၊ ဆရာ ဟန်ဇော် နှင့် ပြည်ကြီးခင်အဖွဲ့မှ ဆရာမ နွယ်ဇင်ဝင်းနှင့် ဆရာ သန့်လွင်ထူးတို့က ပြန်လည်ဖြေကြားဆွေးနွေးခဲ့ပါသည်။

တက်ရောက်ကြောင်း မှတ်တမ်းတင်လက်မှတ်ထိုးစဉ်
တက်ရောက်ကြောင်း မှတ်တမ်းတင်လက်မှတ်ထိုးစဉ်
တက်ရောက်ကြောင်း မှတ်တမ်းတင်လက်မှတ်ထိုးစဉ်
တက်ရောက်ကြောင်း မှတ်တမ်းတင်လက်မှတ်ထိုးစဉ်
တက်ရောက်ကြောင်း မှတ်တမ်းတင်လက်မှတ်ထိုးစဉ်
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ သန်းမြင့်က
အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားစဉ်
တက်ရောက်လာကြသူများ
တက်ရောက်လာကြသူများ
တက်ရောက်လာကြသူများ
ဆွေးနွေးပွဲမြင်ကွင်း
ဆွေးနွေးပွဲမြင်ကွင်း
ပဲန်မြန်မာဥက္ကဋ္ဌ စာရေးဆရာ ညီပုလေးက အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားစဉ်
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူးချုပ်
 ဒေါက်တာ ခိုင်ခိုင်ဝင်းက Article 19 အကြောင်းကို ဆွေးနွေးပြောကြားစဉ်
တက်ရောက်လာသူတစ်ဦးက ပြန်လည်မေးမြန်းစဉ်
ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သီတာတင်က
သတင်းအချက်အလက်ရပိုင်ခွင့်ဥပဒေ(မူကြမ်း)အကြောင်းကို ဆွေးနွေးပြောကြားစဉ်
တက်ရောက်လာကြသူများ
တက်ရောက်လာကြသူများ
ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သီတာတင်က
သတင်းအချက်အလက်ရပိုင်ခွင့်ဥပဒေ(မူကြမ်း)အကြောင်းကို ဆွေးနွေးပြောကြားစဉ်
ဒေါ်သီတာတင်ကို ပြန်လည်မေးမြန်းဆွေးနွေးသည့် ဒေါ်တင့်တင့်ဟန်
ဒေါ်သီတာတင်ကို ပြန်လည်မေးမြန်းဆွေးနွေးသည့် ဒေါက်တာ ခိုင်ခိုင်ဝင်း
ဒေါ်သီတာတင်ကို ပြန်လည်မေးမြန်းဆွေးနွေးသည့် ဒေါက်တာ ခိုင်ခိုင်ဝင်း
ပြန်လည်မေးမြန်းဆွေးနွေးနေသူတစ်ဦး
ဖြည့်စွက်ဆွေးနွေးပြောကြားနေသည့် ပြည်ကြီးခင်အဖွဲ့မှ ဆရာမ နွယ်ဇင်ဝင်း
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ တင်မောင်မောင်သန်း
ဆွေးနွေးပြောကြားနေသည့် ပဲန်မြန်မာအဖွဲ့မှ ဆရာမ မသီတာ(စမ်းချောင်း)
ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒေါ်တင့်တင့်ဟန်က
သတင်းအချက်အလက်ရပိုင်ခွင့်ဥပဒေ(မူကြမ်း)အကြောင်းကို ဆွေးနွေးပြောကြားစဉ်
ပဲန်မြန်မာအဖွဲ့မှ ဒါရိုက်တာအဖွဲ့ဝင် စာရေးဆရာ ဟန်ဇော်က
စာနယ်ဇင်းလွတ်လပ်ခွင့်နှင့်ပတ်သက်ပြီး ဆွေးနွေးပြောကြားစဉ်
ပဲန်မြန်မာအဖွဲ့ဝင်လည်း ဖြစ်၊ ပဲန်အင်တာနေရှင်နယ် ဒါရိုက်တာအဖွဲ့ဝင်လည်းဖြစ်သည့်
စာရေးဆရာမ မသီတာ(စမ်းချောင်း)က ပြည်သူလူထုဆက်ဆံရေးအကြောင်းကို ဆွေးနွေးပြောကြားစဉ်
ဒေါက်တာ သန်းမြင့် ဝင်ရောက်ဆွေးနွေးစဉ်
ပြန်လည်မေးမြန်းဆွေးနွေးနေသူတစ်ဦး
ဆွေးနွေးပြောကြားနေသည့် ပဲန်မြန်မာအဖွဲ့မှ ဆရာမ မသီတာ(စမ်းချောင်း)
ပြည်ကြီးခင်အဖွဲ့မှ ဆရာ သန့်လွင်ထူးက သတင်းအချက်အလက်ရပိုင်ခွင့်အကြောင်းတို့ကို ဆွေးနွေးပြောကြားစဉ်
ပဲန်မြန်မာအဖွဲ့မှ စာရေးဆရာ ဟန်ဇော်က ပထမနေ့က ဆွေးနွေးခဲ့သည်များကို အကျဉ်းချုပ်ပြန်လည်ပြောပြစဉ်
ဆရာမ မသီတာ(စမ်းချောင်း)နှင့် ဆရာမ နွယ်ဇင်ဝင်း
ဒေါက်တာ မြင့်ဝင်း ဆွေးနွေးစဉ်
ဆွေးနွေးပြောကြားနေသည့် ပဲန်မြန်မာအဖွဲ့မှ ဆရာမ မသီတာ(စမ်းချောင်း)
ဆွေးနွေးပြောကြားနေသည့် ပြည်ကြီးခင်အဖွဲ့မှ ဆရာ သန့်လွင်ထူး
ဆွေးနွေးပြောကြားနေသည့် ပြည်ကြီးခင်အဖွဲ့မှ ဆရာမ နွယ်ဇင်ဝင်း
ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ဦးသန်းတင်ဝင်း ဆွေးနွေးပြောကြားစဉ်
ပြန်လည်မေးမြန်းဆွေးနွေးနေသူတစ်ဦး
တပ်မတော်သတင်းမှန် ပြန်ကြားရေးအတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း
ဒေါက်တာ အောင်ကျော်ဦး ဆွေးနွေးပြောကြားစဉ်
ဒေါက်တာ တင်မောင်မောင်သန်း ဆွေးနွေးစဉ်
ကျေးဇူးတင်နှုတ်ခွန်းဆက်စကာ
းပြောကြားနေသည့် ပဲန်မြန်မာအဖွဲ့မှ ဆရာ မျိုးမြင့်ညိမ်း
တက်ရောက်လာကြသူများ အမှတ်တရ

Leave comment

Your email address will not be published. Required fields are marked with *.