ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီနှင့် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ

PEN Myanmar နှင့် မိတ်ဖက်အဖွဲ့အစည်းများဖြစ်ကြသည့် ILAM (Independent Lawyer’s Association Myanmar), MIDO(Myanmar ICT for Development Organization), PGK(Pyi Gyi Khin) တို့ပူးပေါင်းပြီး လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ကျင့်သုံးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီနှင့်အတူ ၂၀၂၀ ခုနှစ် မတ်လ ၁၇ ရက်၌ နေပြည်တော်ရှိ PARK ROYAL Hotel မှာ ပြုလုပ်ခဲ့ပါသည်။ ယင်းဆွေးနွေးပွဲကို ညနေ ၃ နာရီမှ ညနေ ၆ နာရီ ခွဲအထိ ပြုလုပ်ခဲ့တာဖြစ်ပြီး ဆွေးနွေးပွဲမစတင်မီ ပဲန်မြန်မာမှ ဆရာမ မသီတာ(စမ်းချောင်း)က လက်ရှိ ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားနေသော COVID 19 နှင့်ပတ်သက်၍ ပြင်ဆင်ထားသည့် ပဲန်မြန်မာ၏ Contingency Policy အကြောင်းနှင့် WHO မှ ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များအကြောင်းတို့ကို တက်ရောက်လာသည့် ဥပဒေကြမ်းကော်မတီမှ လွှတ်တော်ကိုယ်စားလှယ်များကို တင်ပြခဲ့ပါသည်။ ထို့နောက် ပဲန်မြန်မာမှ ဆရာ မျိုးမြင့်ညိမ်းက ဆွေးနွေးပွဲ ပြုလုပ်ရသည့်အကြောင်းကို မိတ်ဆက်ပြောကြားပြီး ILAM အဖွဲ့မှ ဆရာ ဦးခင်မောင်ဇော်က လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့် သက်ဆိုင်သော တည်ဆဲဥပဒေများ၏ မူဝါဒရေးရာ၊ ဥပဒေရေးရာ ကန့်သတ်ချက်များအကြောင်းကို ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး MIDO အဖွဲ့မှ ဆရာ ကိုဝေမျိုးထွဋ်က ဒစ်ဂျစ်တယ်နည်းပညာခေတ်၏ စိန်ခေါ်မှုကို ဖြေရှင်းရာတွင် လိုအပ်သည့်အခြေခံမူများအကြောင်းကို ဆွေးနွေးပြောကြားခြင်း၊ Pyi Gyi Khin အဖွဲ့မှ ဆရာ ကိုသန့်လွင်ထူးက သတင်းအချက်အလက်ရပိုင်ခွင့်နှင့်စပ်လျဉ်းပြီး ဆွေးနွေးပြောကြားခြင်း၊ PEN Myanmar အဖွဲ့မှ ဆရာ ကိုဟန်ဇော်က သတင်းမီဒီယာဥပဒေအပေါ် သုံးသပ်အဆိုပြု ဆွေးနွေးပြောကြားခဲ့ပါသည်။ အဆုံးမှာတော့ ပဲန်မြန်မာမှ ဆရာမ မသီတာ(စမ်းချောင်း)က ဆွေးနွေးပွဲအနှစ်ချုပ်ကို ပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ဥပဒေကြမ်းကော်မတီမှ လွှတ်တော်ကိုယ်စားလှယ်များက အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြပါသည်။ လွှတ်တော်ကိုယ်စားလှယ်များ၏ မေးမြန်းဆွေးနွေးမှုများကို သက်ဆိုင်ရာကဏ္ဍအလိုက် PEN Myanmar, ILAM, MIDO နှင့် Pyi Gyi Khin အဖွဲ့မှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြပါသည်။

COVID 19 အတွက် ပြင်ဆင်ထားသည့် ပေါ်လစီအကြောင်း ဆရာမ မသီတာ(စမ်းချောင်း)က ပြောကြားစဉ်
ပဲန်မြန်မာမှ ဆရာ မျိုးမြင့်ညိမ်းက ဆွေးနွေးပွဲပြုလုပ်ရသည့်အကြောင်း မိတ်ဆက်ပြောကြားစဉ်
ILAM အဖွဲ့မှ ဆရာ ဦးခင်မောင်ဇော် ဆွေးနွေးစဉ်
MIDO အဖွဲ့မှ ဆရာ ကိုဝေမျိုးထွဋ် ဆွေးနွေးစဉ်
Pyi Gyi Khin အဖွဲ့မှ ဆရာ ကိုသန့်လွင်ထူး ဆွေးနွေးစဉ်
Pyi Gyi Khin အဖွဲ့မှ ဆရာ ကိုသန့်လွင်ထူး ဆွေးနွေးစဉ်
တက်ရောက်လာကြသည့် ဥပဒေကြမ်းကော်မတီမှ လွှတ်တော်ကိုယ်စားလှယ်များ
ဆွေးနွေးပွဲအနှစ်ချုပ်ကို ပြောကြားနေသည့် ဆရာမ မသီတာ(စမ်းချောင်း)
ပြန်လည်ဆွေးနွေးနေစဉ်
အပြန်အလှန်ဆွေးနွေးကြစဉ်
ပြန်လည်ဆွေးနွေးနေသည့် ILAM မှ ဆရာ ဦးခင်မောင်ဇော်
ပြန်လည်ဆွေးနွေးနေစဉ်
အပြန်အလှန်ဆွေးနွေးကြစဉ်
အပြန်အလှန်ဆွေးနွေးကြစဉ်
Pyi Gyi Khin အဖွဲ့မှ ဆရာမ နွယ်ဇင်ဝင်းကလည်း ဖြည့်စွက်ဆွေးနွေးစဉ်
Pyi Gyi Khin အဖွဲ့မှ ဆရာမ နွယ်ဇင်ဝင်းကလည်း ဖြည့်စွက်ဆွေးနွေးစဉ်
ဆွေးနွေးမှုများကို ပြန်လည်ဖြေကြားဆွေးနွေးနေသည့် ပဲန်မြန်မာမှ ဆရာမ မသီတာ(စမ်းချောင်း)
ပြန်လည်ဆွေးနွေးနေစဉ်
အခမ်းအနားမှူးအဖြစ်လည်း ပဲန်မြန်မာမှ ဆရာ ကိုဟန်ဇော်က ပြုလုပ်စဉ်

Leave comment

Your email address will not be published. Required fields are marked with *.