ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ကော်မတီနှင့် ဆွေးနွေးပွဲ

PEN Myanmar နှင့် မိတ်ဖက်အဖွဲ့အစည်းများဖြစ်ကြသည့် ILAM (Independent Lawyer’s Association Myanmar), MIDO(Myanmar ICT for Development Organization), PGK(Pyi Gyi Khin) တို့ပူးပေါင်းပြီး လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ကျင့်သုံးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ကော်မတီနှင့်အတူ ၂၀၂၀ ခုနှစ် မတ်လ ၁၈ ရက်၌ နေပြည်တော်ရှိ PARK ROYAL Hotel မှာ ပြုလုပ်ခဲ့ပါသည်။ ယင်းဆွေးနွေးပွဲကို ညနေ ၃ နာရီမှ ညနေ ၆ နာရီ ခွဲအထိ ပြုလုပ်ခဲ့တာဖြစ်ပြီး ဆွေးနွေးပွဲမစတင်မီ ပဲန်မြန်မာမှ ဆရာမ မသီတာ(စမ်းချောင်း)က လက်ရှိ ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားနေသော COVID 19 နှင့်ပတ်သက်၍ ပြင်ဆင်ထားသည့် ပဲန်မြန်မာ၏ Contingency Policy အကြောင်းနှင့် WHO မှ ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များအကြောင်းတို့ကို တက်ရောက်လာသည့် နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ကော်မတီမှ လွှတ်တော်ကိုယ်စားလှယ်များကို တင်ပြခဲ့ပါသည်။ ထို့နောက် ပဲန်မြန်မာမှ ဆရာ မျိုးမြင့်ညိမ်းက ဆွေးနွေးပွဲ ပြုလုပ်ရသည့်အကြောင်းကို မိတ်ဆက်ပြောကြားပြီး ILAM အဖွဲ့မှ ဆရာ ဦးခင်မောင်ဇော်က လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့် သက်ဆိုင်သော တည်ဆဲဥပဒေများ၏ မူဝါဒရေးရာ၊ ဥပဒေရေးရာ ကန့်သတ်ချက်များအကြောင်းကို ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး MIDO အဖွဲ့မှ ဆရာ ကိုဝေမျိုးထွဋ်က ဒစ်ဂျစ်တယ်နည်းပညာခေတ်၏ စိန်ခေါ်မှုကို ဖြေရှင်းရာတွင် လိုအပ်သည့်အခြေခံမူများအကြောင်းကို ဆွေးနွေးပြောကြားခြင်း၊ Pyi Gyi Khin အဖွဲ့မှ ဆရာ ကိုသန့်လွင်ထူးက သတင်းအချက်အလက်ရပိုင်ခွင့်နှင့်စပ်လျဉ်းပြီး ဆွေးနွေးပြောကြားခြင်း၊ PEN Myanmar အဖွဲ့မှ ဆရာ ကိုဟန်ဇော်က သတင်းမီဒီယာဥပဒေအပေါ် သုံးသပ်အဆိုပြု ဆွေးနွေးပြောကြားခဲ့ပါသည်။ အဆုံးမှာတော့ ပဲန်မြန်မာမှ ဆရာမ မသီတာ(စမ်းချောင်း)က ဆွေးနွေးပွဲအနှစ်ချုပ်ကို ပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ကော်မတီမှ လွှတ်တော်ကိုယ်စားလှယ်များက အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြပါသည်။ လွှတ်တော်ကိုယ်စားလှယ်များ၏ မေးမြန်းဆွေးနွေးမှုများကို သက်ဆိုင်ရာကဏ္ဍအလိုက် PEN Myanmar, ILAM, MIDO နှင့် Pyi Gyi Khin အဖွဲ့မှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြပါသည်။

ပဲန်မြန်မာမှ ဆရာ မျိုးမြင့်ညိမ်းက ဆွေးနွေးပွဲပြုလုပ်ရသည့်အကြောင်း မိတ်ဆက်ပြောကြားစဉ်
ပဲန်မြန်မာမှ ဆရာ မျိုးမြင့်ညိမ်းက ဆွေးနွေးပွဲပြုလုပ်ရသည့်အကြောင်း မိတ်ဆက်ပြောကြားစဉ်
အခမ်းအနားမှူးအဖြစ် ဆရာ ဟန်ဇော်က ဆောင်ရွက်စဉ်
ILAM အဖွဲ့မှ ဆရာ ဦးခင်မောင်ဇော် ဆွေးနွေးစဉ်
MIDO အဖွဲ့မှ ဆရာ ဝေမျိုးထွဋ် ဆွေးနွေးစဉ်
MIDO အဖွဲ့မှ ဆရာ ဝေမျိုးထွဋ် ဆွေးနွေးစဉ်
စိတ်ဝင်တစား လေ့လာကြစဉ်
စိတ်ဝင်တစား လေ့လာကြစဉ်
စိတ်ဝင်တစား လေ့လာကြစဉ်
စိတ်ဝင်တစား လေ့လာကြစဉ်
စိတ်ဝင်တစား လေ့လာကြစဉ်
MIDO အဖွဲ့မှ ဆရာ ဝေမျိုးထွဋ် ဆွေးနွေးစဉ်
MIDO အဖွဲ့မှ ဆရာ ဝေမျိုးထွဋ် ဆွေးနွေးစဉ်
စိတ်ဝင်တစား လေ့လာကြစဉ်
ဆွေးနွေးချက်များကို မှတ်သားနေစဉ်
Pyi Gyi Khin အဖွဲ့မှ ဆရာ သန့်လွင်ထူး ဆွေးနွေးစဉ်
Pyi Gyi Khin အဖွဲ့မှ ဆရာ သန့်လွင်ထူး ဆွေးနွေးစဉ်
PEN Myanmar အဖွဲ့မှ ဆရာ ဟန်ဇော် ဆွေးနွေးစဉ်
PEN Myanmar အဖွဲ့မှ ဆရာ ဟန်ဇော် ဆွေးနွေးစဉ်
ဆွေးနွေးပွဲအနှစ်ချုပ်ကို ပြောကြားနေသည့် ဆရာမ မသီတာ(စမ်းချောင်း)
ဆွေးနွေးပွဲအနှစ်ချုပ်ကို ပြောကြားနေသည့် ဆရာမ မသီတာ(စမ်းချောင်း)
ပြန်လည်ဆွေးနွေးကြစဉ်
ပြန်လည်ဆွေးနွေးကြစဉ်
ပြန်လည်ဆွေးနွေးကြစဉ်
ပြန်လည်ဆွေးနွေးကြစဉ်
ပြန်လည်ဆွေးနွေးကြစဉ်
ပြန်လည်ဆွေးနွေးကြစဉ်
ပြန်လည်ဆွေးနွေးကြစဉ်
ပြန်လည်ဆွေးနွေးကြစဉ်
ပြန်လည်ဆွေးနွေးကြစဉ်
ပြန်လည်ဆွေးနွေးကြစဉ်
ပြန်လည်ဆွေးနွေးကြစဉ်
ပြန်လည်ဆွေးနွေးကြစဉ်
ပြန်လည်ဆွေးနွေးကြစဉ်

Leave comment

Your email address will not be published. Required fields are marked with *.