Reply (ကဗျာ)၊ ကဗျာဆရာ မောင်ဆောင်းခ

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော ကဗျာဆရာ မောင်ဆောင်းခ၏ Reply ကဗျာကို ဖော်ပြလိုက်ပါသည်။ ကဗျာသရုပ်ဖော်ပန်းချီကို ပန်းချီထိန်လင်းက ရေးဆွဲပါသည်။
Reply
အချစ်ဟာ မပွင့်ဘဲ ကြွေတဲ့ညနေ။
တကယ့်ဒဏ်ရာတွေဟာ
အရာပေါ်လေ့ မရှိဘူး။
စ, ချစ်မိသူဟာ
သူ့လည်ပင်းမှာ ကြိုးကွင်းစွပ်ပြီး
ချစ်တဲ့သူဆီက အမိန့်ကို စောင့်နေရသလိုပဲ။
မသနားပါနဲ့။
ကိုယ့်အခြေအနေကိုယ် မသိသူအတွက်
ကိုယ့်ထိုက်နဲ့ ကိုယ့်ကံလို့ပဲ သဘောထားပါတယ်။
“အစ်ကို့လိုလူမျိုး မလိုအပ်ဘူး”
………………………………………………….
အမှောင်ဟာ ပိုမှောင်လာ။ ပိုသိမ်ငယ်လာ။
ဓားနဲ့ထိုးမှ လူသေတာ မဟုတ်ပါဘူး။
သေနတ်နဲ့ပစ်မှ လူသေတာ မဟုတ်ပါဘူး။
ခဏနေ အဆင်ပြေသွားမှာလို့
ညီမလေး တကယ်ထင်ခဲ့တာလား။
ဘယ်လိုငရဲမျိုးလဲ …
ခဏလေးတောင် မနီးခဲ့ဖူးဘဲ
ဝေးရတော့မယ်ထင်ပါရဲ့။ ။
မောင်ဆောင်းခ
