အနုပညာမြောက် မပြီးဆုံးမှုများ(ကဗျာ)၊ ကဗျာဆရာ မောင်ဆန်

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော ကဗျာဆရာ မောင်ဆန်၏ အနုပညာမြောက် မပြီးဆုံးမှုများ ကဗျာကို ဖော်ပြလိုက်ပါသည်။ ကဗျာသရုပ်ဖော်ပန်းချီကို ပန်းချီထိန်လင်းက ရေးဆွဲပါသည်။

အနုပညာမြောက် မပြီးဆုံးမှုများ

အနုပညာသာစစ်ရင်
မပြီးဆုံးသေးလည်း အနုပညာလို့ ဆိုတော့
အနုပညာက ရယ်တယ်။
ရယ်နေတာ မပြီးတော့ဘူး။

မပြီးဆုံးသေးတဲ့ စစ်ပွဲအကြောင်းရိုက်ထားတဲ့ ရုပ်ရှင်
မပြီးဆုံးသေးတဲ့ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး သီချင်း
မပြီးဆုံးသေးတဲ့ လူတိုင်းလက်လှမ်းမီ ကျန်းမာရေးစောင့်ရှောက်မှုအစီအမံ ဝတ္ထု
မပြီးဆုံးသေးတဲ့ လွတ်လပ်စွာထုတ်ဖော်ခွင့်တိုက်ပွဲ ပန်းချီကား
မပြီးဆုံးသေးတဲ့ We stand with you တံဆိပ်ကပ်မှုတွေကို
မပြီးဆုံးသေးတဲ့ အနုပညာက
ရယ်မောလျက်က ငေးကြည့်နေ။

မပြီးဆုံးတိုင်းသာ အနုပညာမြောက်ကြေးဆို
အနုပညာအမြောက်ဆုံးနေရာလား။
မဟုတ်ဘူး၊ အဲဒါအနုပညာ မဟုတ်ဘူး။
ရှိုက်သံသဲ့သဲ့ကို ကြားရ
မပြီးဆုံးသေး…
(ဆက်ရန်)

မောင်ဆန်

Leave comment

Your email address will not be published. Required fields are marked with *.